သရုပ်ဆောင် မင်းသမီး ဝါဆိုမိုးဦးကတော့ အနုပညာလောကမှာ ကလေးဘဝကတည်းက ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ ရင်းနှီးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ စိတ်သဘောထားပြည့်ဝပြီး လူတိုင်းအပေါ်မှာလည်း ကူညီလိုစိတ်ရှိတာကြောင့် လူတိုင်းရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ဝါဆိုကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။



ချစ်သူဖြိုးလေးနဲ့အတူ နေ့စဉ်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေရုံမဟုတ်ဘဲ ညပိုင်းမှာလည်း ရပ်ကွက်ထဲသို့ လူစိမ်းတွေ ဝင်မလာစေရန်နှင့် ပြည်သူများ လုံခြုံမှုရှိစွာ အိပ်စက်အနားယူနိုင်အောင် ကင်းစောင့်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒီလိုကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် အားဖြည့်ဆောင်ရွက်ပေးနေတဲ့ ဝါဆိုကိုတော့ပရိသတ်တွေက လေးစားပြီးရင်း လေးစားနေကြတာပါ။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကိစ္စတစ်ခုကြောင့် စိတ်မကောင်းဖြစ်နေကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။


ဒါကတော့ အခုလိုအချိန်မှာသွေးအရမ်းလှူချင်ပေမယ့်လည်းသွေးပေါင်ချ်ိန်မပြည့်လို့လှူခွင့်မရတဲ့အတွက် ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ သူမကလည်း " အခုလိုအချိန်မှာသွေးအရမ်းလှူချင်တာပဲ
သွေးပေါင်ချိန် အမြဲ ၁၀၀ တောင်မပြည့်တဲ့ကိုယ့်သွေး ဒီလိုချိန်မှာ အသေမုန်းတယ် ???" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။ သင့်ရဲ့သွေးနဲ့ အသက်ကယ်ချင်တဲ့ ပြည်သူတွေအတွက်လည်း မနက် ၉ နာရီမှ ညနေ (၅) နာရီအထိ အမျိုးသားသွေးလှူဘဏ်တွင် သွားရောက်လှူဒါန်းနိုင်ကြောင်း သတင်းပေးလိုက်ပါရစေနော်။
Source and Photo Crd-Warso Moe Oo’s Facebook Account


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။