ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက လုပ်ဆောင်ခဲ့တဲ့အေးသီတာကတော့ အခုချိန်ထိလည်း အနုပညာလောကထဲမှာကျင်လည်နေဆဲပဲဖြစ်ပါတယ်။အေးသီတာကမြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါတွေပြန့်ပွါးချိန်ကနေစပြီး အခုချိန်ထိ အနုပညာအလုပ်တွေကို ရပ်နားထားတာဖြစ်ပါတယ်။အေးသီတာကတော့ မိသားစုဝမ်းရေးအတွက် သူမတတ်ကျွမ်းတဲ့အချက်အပြုတ်နဲ့ မုန့်ဟင်းခါးချက်ပြီး ရောင်းချနေတာဖြစ်ပါတယ်။အေးသီတာရဲ့ မုန့်ဟင်းခါးကလည်း စားသုံးသူတွေများပြားပြီး လအနည်းငယ်အတွင်းမှာပင် ရောင်းအားတက်လာတာဖြစ်ပါတယ်နော်။

Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc

အခုလိုကာလမှာတော့ အေးသီတာကလည်း သူမရဲ့စီးပွါးရေးကို ခဏရပ်နားထားပြီး ပြည်သူတွေနဲ့အတူတစ်စိတ်တစ်ဝမ်းတည်း ရှိနေတာဖြစ်ပါတယ်။အေးသီတာကတော့ ပြည်သူလူထုနဲ့အတူ တတ်နိုင်သလောက် လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်နော်။အေးသီတာကလည်း လမ်းပေါ်ထွက်နေကြတဲ့ ပြည်သူလူထုကိုအိမ်အပြန်အဆင်ပြေအောင်လို့ Free Driveလိုက်ပို့ပေးပြီး တတ်အားသ၍ကူညီဖေးမပေးတာဖြစ်ပါတယ်။ပြည်သူလူထုအချင်းချင်းကလည်း အပြန်အလှန်ရိုင်းပင်းကူညီကြလို့ ဒီကာလမှာ စားသောက်ရေးနဲ့သွားလာရေးတွေ မပူရပါဘူးနော်။

Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc

လတ်တလောမှာဆိုရင်တော့ အမြို့မြို့၊အနယ်နယ်မှာရှိကြတဲ့ လူထုလှုပ်ရှားမှုတွေမှာ တချို့လူငယ်တွေကတော့အသက်ပေးသွားရပြီဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေကလည်း ကျဆုံးသွားတဲ့လူငယ်တွေအတွက်ဆုတောင်းပွဲတွေပြုလုပ်ပေးကြပြီး ကျန်ရစ်သူမိသားစုအတွက်လည်း တစ်တပ်တစ်အားလှူဒါန်းကြတာဖြစ်ပါတယ်။အေးသီတာကတော့”ကျွန်မ မှာ ၁၄ နှစ်ရှိတဲ့တူ သားတစ်ယောက်ရှိတယ်။ကိုယ့်ဝမ်းနဲ့မလွယ်ဘဲ မွေးကျွေးခဲ့ရတဲ့ သားသမီး၊တူ၊တူမတွေရှိတယ်။ကလေး ၁ယောက်ဖြစ်တိုင်း နှလုံးသားကနာကျင်တယ်။ငါ့တို့အမေတွေရဲ့နှလုံးသားကို ဝင်ကြည့်စမ်းပါ။”ဆိုပြီး သူမရဲ့ခံစားချက်ကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Aye Thida’s Facebook Acc
Photo Credit:Aye Thida’s Facebook Acc

Source&Photo Credit:Aye Thida’s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။