ပရိသတ်ကြီးရေ......အဆိုတော် အာဘွိုင်းကတော့ Rap တွေကို သီဆိုလေ့ရှိတဲ့အပြင်ကိုယ်တိုင်လည်း ဖန်တီးရေးသားတာကြောင့် လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်နေတဲ့သူဆိုလည်း မမှားပါဘူးနော်.....။သူကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောင်ထားကာ ချစ်စရာကောင်းတဲ့ သမီးလေး Scarlett Phyo Tun ကိုလည်း ပိုင်ဆိုင်ထားတာ ပဲဖြစ်ပါတယ်။အာဘွိုင်းတို့ ဇနီးမောင်နှံဟာ နားလည်မှု အပြည့်နဲ့ လက်တွဲခိုင်မြဲတာကြောင့် မြင်သူတိုင်း အားကျချစ်ခင်နေကြတာ ပဲဖြစ်ပါတယ်။
လတ်တလောမှာဆိုရင်တော့ အာဘွိုင်းဟာ အမှန်တရားကို မြတ်နိုးလိုလားတဲ့ ပြည်သူတွေနဲ့ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိကာ တိုင်းပြည်အတွက် သူတတ်နိုင်တဲ့ဘက်ကနေ ကူညီဖေးဖကာ အားဖြည့်လုပ်ဆောင် နေတာလည်းဖြစ်ပါတယ်။မမျှော်လင့်ပဲ ကျဆုံးသွားတဲ့ ပြည်သူတွေ အတွက်လည်း သူငယ်ချင်းတွေနဲ့ စုပေါင်းကာ တစ်နေရာပြီးတစ်နေရာကို တတ်အားသရွေ့ ကိုယ်တိုင်သွားရောက် လှူဒါန်းကာ အားပေးနှစ်သိမ့်နေတာ လည်းတွေ့ရပါတယ်နော်.....။
မနေ့ကဆိုရင်လည်း အာဘွိုင်းက "ဒီနေ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်... ကျိုက်ထိုမြို့နယ် အင်းဝကျေးရွာမှာရှိတဲ့ ညီလေးဇင်လင်းထက်ရဲ့မိဘများအိမ်သို့ သွားရောက်ခဲ့ပြီး အလှုငွေ ၁၀ သိန်းပေးအပ်ကာ အားပေးနှစ်သိမ့်စကားများပြောကြားဖြစ်ခဲ့ပါတယ်ခင်ဗျာ။"ဆိုပြီး ရေးသားဖော်ပြကာ လှူဒါန်းနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အတွက် အာဘွိုင်းရဲ့ အလှူလေးကို သာဓုခေါ်နိုင်အောင် ပြန်လည်ဝေမျှပေးရင်း ကျဆုံးသွားတဲ့ ပြည်သူတွေနဲ့ ထပ်တူ ပြောစရာမရှိအောင် ဝမ်းနည်းကြေကွဲရပါတယ်နော်??......။
သတင်းအရင်းမြစ်: Kyaw Phyo Tun FB Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။