ပရဟိတမင်းသားကြီးတစ်လက်အဖြစ် ပြည်သူ့မေတ္တာကိုခံယူထားတဲ့ ကျော်သူကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ဦးကျော်သူဟာဆိုရင် သရုပ်ဆောင်လည်းကောင်းတာကြောင့် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါတယ်နော်။ဦးကျော်သူရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုယနေ့ခေတ်လူငယ်တွေတောင် ကြိုက်နှစ်သက်နေကြတာဖြစ်ပါတယ်။ဦးကျော်သူကတော့ အသက်အရွယ်တစ်ခုကိုလည်း ရောက်ရှိနေပြီဖြစ်လို့ တရားဓမ္မတွေလည်း လုပ်ဆောင်ရင်း ကုသိုလ်ရမယ့် ပရဟိတအလုပ်တွေကိုပါစွမ်းစွမ်းတမံဆောင်ရွက်နေတာဖြစ်ပါတယ်နော်။

Photo Credit:နာရေးကူညီမှုအသင်း(ရန်ကုန်) FB Page
Photo Credit:နာရေးကူညီမှုအသင်း(ရန်ကုန်) FB Page

ဦးကျော်သူကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဌတစ်ယောက်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။ဦးကျော်သူက နာရေးလမ်းကြောင်းတွေကိုလည်း ကိုယ်တိုင်လိုက်ပို့ဆောင်ပေးပြီး လူတန်းစားမရွေးကူညီပေးတတ်ပါတယ်နော်။လတ်တလောအခြေအနေတွေမှာဆိုရင်လည်း ဦးကျော်သူက ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ပြီးနာရေးလမ်းကြောင်းတွေပြီးချိန်မှာ တတ်နိုင်သလောက် ဝန်းရံပေးတာဖြစ်ပါတယ်။ဦးကျော်သူတို့ ပရဟိတအဖွဲ့ကတော့ ပြည်သူတွေအတွက် စားစရာ၊သောက်စရာတွေကိုလည်း တစ်ပိုင်တစ်နိုင်လေး လှူဒါန်းသေးတာဖြစ်ပါတယ်နော်။

Photo Credit:နာရေးကူညီမှုအသင်း(ရန်ကုန်) FB Page
Photo Credit:နာရေးကူညီမှုအသင်း(ရန်ကုန်) FB Page
Photo Credit:နာရေးကူညီမှုအသင်း(ရန်ကုန်) FB Page

ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းက လူငယ်တွေကလည်း စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ လမ်းပေါ်ထွက်ပြီး ရပ်တည်နေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ဦးကျော်သူရဲ့အသင်းထဲက လူငယ်လေးတစ်ယောက်ဆိုရင် လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ဦးကျော်သူကတော့”ငါ့ သားကိုပြန်လွှတ်ပေးပါ။နာရေးကူညီမှုအသင်း(ရန်ကုန်) က ပရဟိတမျိုးဆက် သားငယ်တစ်ဦးဖြစ်သူ မောင်ရဲမျိုးခန့်( အပျော်တမ်းဓါတ်ပုံ ဝါသနာရှင်) အားအမြန်ပြန်လွှတ်ပေးပါ။”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Kyaw Thu’s Facebook Account 
Photo Credit:Kyaw Thu’s Facebook Account 

Source&Photo Credit:Kyaw Thu’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။