အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Gfattကတော့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူတစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ Gfattကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်နဲ့အမြင်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏမျှဝေပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။
ပြည်သူတွေကို စားစရာတွေလှူဒါန်းလေ့ရှိတဲ့ အဆိုတော်Gfattကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ နေ့စဥ်ပါဝင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ ယခုမှာ အထက(၂)သင်္ဃန်းကျွန်းက ကျောင်းသားဟောင်းတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ပြည်သူတွေစိတ်အားတက်စေဖို့အတွက် သီချင်းတွေကို သီဆိုပေးနေခဲ့ပါတယ်။ Gfattကတော့ သူတက်ကျွမ်းတဲ့ အဆိုပညာနဲ့ ပြည်သူတွေကို မမောနိုင်မပန်းနိုင်သီဆိုပေးနေခဲ့တာပဲဖြစ်ပါတယ်။
Gfattကတော့ " အ ထ က ( ၂ ) သင်္ဃန်းကျွန်းလို့ခေါ်တယ် ထ၂ ရာဇဝင်ဟာ ၈၈ထဲက မရိုင်းခဲ့ဘူး ငါတို့ခေတ်မှာလဲ မရိုင်းစေရဘူး အာဏာရှင်တွေ ကျရှုံးပါစေ အရေးတော်ပုံအောင်ရမည် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထူလှုပ်ရှားမှုမှာ ပါဝင်ရင်း ပြည်သူတွေနဲ့အတူ သီချင်းတွေ သီဆိုနေတဲ့ Gfattရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။
Source : Gfatt ' s Facebook Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။