ပရိသတ်ကြီးရေ ယခုဖော်ပြပေမဲ့ အကြောင်းအရာလေးကတော့ အနုပညာလောကမှာ အနုပညာအချင်းချင်း လက်ထပ်ယူကြပြီး ယုံကြည်မှုရှိရှိ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး သားသားမီးမီးလေးတွေနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေကြတဲ့ သူတွေထဲကမှ ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားတဲ့ ဆယ်လီအနုပညာရှင်ဇနီးမောင်နှံ (၁၀)တွဲကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Photo Credit - သီဟတင်စိုး  fb page 

(၁) သီဟတင်စိုး နဲ့ ဇင်မာဦး တို့ဇနီးမောင်နှံဟာ တစ်ခေတ်တခါက ဖိုက်တင်းဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ ရပ်တည်ထားပြီး ယုံကြည်မှုရှိရှိ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကာ ဘဝကို အေးချမ်းစွာဖြတ်သန်း နေထိုင်နေတာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်​​​တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။

Photo Credit - Yan Kyaw fb account  

(၂) ရန်ကျော် နဲ့ အဆိုတော်မေခလာ တို့ဇနီးမောင်နှံဟာ အနုပညာလုပ်ကိုင်တာခြင်း မတူညီပေမဲ့ အတူလက်တွဲပြီး သာယာတဲ့အိမ်ထောင်ရေးကို သစ္စာရှိရှိ ယနေ့အချိန်ထိ ဘဝကိုပျော်ရွှင်စွာ လျှောက်လှမ်းနေတဲ့ သူတွေပဲ ဖြစ်ပါတယ်။

Photo Credit - Wah Wah Aung fb account  

(၃) အောင်ခိုင် နဲ့ ဝါဝါအောင် တို့ဝါရင့်အနုပညာရှင် ဇနီးမောင်နှံတို့ကလည်း အနုပညာအလုပ်တွေကို အတူလုပ်ကိုင်လာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားကာ အေးချမ်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားတာ ဖြစ်ပါတယ်။

Photo Credit - Pay Ti Oo fb account  

(၄) ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံ က အောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်သလို ပရိသတ်တွေ အားကျချစ်ခင်ရတဲ့သူတွေဖြစ်ပြီး လက်ရှိမှာ သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်တဲ့ မိသားစုလေးကို ရရှိနေပြီလည်း ဖြစ်ပါတယ်။

Photo Credit - Zarni Htay fb account  

(၅)ဇာနည် နဲ့ ကြည်လဲ့လဲ့ဦး တို့ဇနီးမောင်နှံနှစ်ယောက်ကလည်း ပရိသတ်တွေကိုယ်စီနဲ့ အနုပညာနယ်ပယ်မှာရပ်တည်ခဲ့ပြီး ပျော်ရွှင်အိမ်ထောင်ရေးကို တည်ဆောက်ထားကြသူတွေပဲဖြစ်ပါတယ်။

Photo Credit - Zenn Kyi fb account  

(၆) ဇာဏ်ခီ နဲ့ ဒါရိုက်တာခရစတီးနားခီ တို့ဇနီးမောင်နှံကတော့ တမူကွဲပြားတဲ့ အနုပညာတွေနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့တာပြီး သရုပ်ဆောင်နဲ့ ဒါရိုက်တာအလုပ်တွေကို နှစ်ယောက်အတူတူ လုပ်ကိုင်ရင်း အားကျပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Photo Credit - Chit Thu Wai. Fb account  

(၇) အဆိုတော်လင်းလင်း နဲ့ အဆိုတော်၊သရုပ်ဆောင် ချစ်သုဝေ တို့နှစ်ယောက်ကလည်း အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားကြပြီး ပျော်ရွှင်တဲ့ အျမ်ထောင်ရေးကို ဖန်တီးထားကာ လက်ရှိမှာ သမီးလေးနှစ်ယောက်အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit - Paing Phyo Thu fb account  

(၈)ဒါရိုက်တာ ဏကြီး နဲ့ ပိုင်ဖြိုးသုတို့ကလည်း အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစား လုပ်ကိုင်နေကြတဲ့ အနုပညာရှင်တွေဖြစ်ပြီး အားကျပျော်ရွှင် အိမ်ထောင်ရေးကိုတည်ဆောက်ထားကြတာ ဖြစ်ပါတယ်။

Photo Credit - Phyo Ngwe Soe fb account  

(၉) ဖြိုးငွေစိုး နဲ့ဇင်ဇင် တို့နှစ်ယောက်ကလည်း အနုပညာနယ်ပယ်မှာ ပရိသတ်ကိုယ်စီရရှိထားပြီး စိတ်တူကိုယ်တူ ယုံကြည်မှုရှိရှိ လက်တွဲကာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားသူတွေပဲ ဖြစ်ပါတယ်။

Photo Credit - Htoo Khant fb account  

(၁၀) အဆိုတော်ရွှေထူး နဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ နှစ်ယောက်ကလည်း အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းထားပြီး ပရိသတ်တွေအားကျစရာ အိမ်ထောင်ရေးကို တည်ဆောက်တာဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီးလည်း အနုပညာရှင်အချင်းချင်း လက်ထပ်ကြပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတဲ့ အနုပညာရှင်ဇနီးမောင်နှံတွေကို ပြန်လည်သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source - Htoo Khant & Phyo Ngwe Soe & Paing Phyo Thu & Chit Thu Wai & Zenn Kyi & Zarni Htay & Pay Ti Oo & Yan Kyaw & သီသတင်စိုး fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။