အဆိုတော်ထူးအယ်လင်းကတော့ အသံအလွန်ကောင်းတဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုအပြင် မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါအပြည့်အဝရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။အောင်မြင်တဲ့ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ထူးအယ်လင်းကတော့ ယခုမှာ ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေတဲ့အပြင် သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရှေ့ချပြဖို့ ပြင်ဆင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။


ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ ထူးအယ်လင်းကတော့ ချစ်စရာကောင်းတဲ့သမီးလေးဖြူဖြူစင်စင်လင်းအပြင် သားချောလေး၂ယောက်ကိုပါပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ ထူးအယ်လင်းကတော့ အားလပ်တဲ့အချိန်လေးတွေမှာမိသားစုလေးကို အပြည့်အဝအချိန်ပေးပြီး ကြင်နာဂရုစိုက်လျက်ရှိကာ ပျော်ရွှင်စရာမိသားစုပုံရိပ်လေတွေကိုလည်း လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။


ထူးအယ်လင်းကတော့ ယခုမှာသမီးရှင်တွေကိုယ်စားသီဆိုပေးခဲ့တဲ့ သီချင်းလေးကိုပြန်လည်ဖွင့်ပြရင်း ပျော်ရွှင်စရာအမှတ်တရတွေကိုပြောပြနေခဲ့ပါတယ်။ထူးအယ်လင်းကတော့ " ငါ့သမီးစာကျက်နေတယ် "ဆိုပြီး အဆိုပါLiveဗီဒီယိုဖိုင်လေးနဲ့ အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ထူးအယ်လင်းရဲ့ အမိုက်စားသီချင်းလေးဖွင့်ပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကိုအောက်မှာကြည့်နိုင်ပါတယ်။
Source: htoo el lynn 's Facebook Acc


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။