Happy Birthday Selena .

ဒီနေ့ဇူလိုင်လ(၂၂)ရက်နေ့ကတော့ တစ်ကမ္ဘာလုံးကပရိသတ်တွေရဲ့ အသဲကျော် ပေါ့အဆိုတော်မလေး ဆလီနာဂိုးမက်ဇ်ရဲ့ (၂၅)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ဆလီနာဟာ သူမရဲ့ မွေးနေ့နဲ့ပတ်သက်လို့ တစ်စုံတစ်ရာကိုမှ လူမှုကွန်ရက်မှာ တင်ထားတာမျိုးမရှိသေးပါဘူး။

ဒါပေမယ့် အနယ်နယ်အရပ်ရပ်က သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ အင်စတာဂရမ် ၊ဖေ့ဘုတ်စ် ၊ တွစ်တာ စတဲ့ လူမှုကွန်ရက်တွေမှာ မွေးနေ့ဆုတောင်းတွေဝေဝေဆာဆာ တင်ထားကြပါတယ်။

ဆလီနာကို သူမရဲ့ မိဘနှစ်ပါးက ဇူလိုင်လ(၂၂) (၁၉၉၂)ခုနှစ်မှာ အမေရိကန်နိုင်ငံ တက်ဆပ်မြို့မှာ မွေးဖွားခဲ့ပြီး သူမဟာ (၂၀၀၂)ခုနှစ်ကနေစပြီး Barney & Friends ဆိုတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲလေးမှာ ကလေးသရုပ်ဆောင်လေးအဖြစ် အနုပညာလောကထဲ ဝင်ရောက်လာတာပါ။ နာမည်အရင်းကတော့ Selena Marie Gomez ပါတဲ့ ။ ဒါ့အပြင် သူ့ကို စပြီး လူသိများလာတဲ့ဇာတ်ကားကတော့ Wizards of Wavely Place ဆိုတဲ့ ဇာတ်လမ်းတွဲမှာပါ။

ဆလီနာ ဟာ အသံပိုင်းဆိုင်ရာမှာရော ဆုတွေအများကြီးဆွတ်ခူးထားတဲ့ အဆိုတော်မလေးဖြစ်ပါတယ်။ ဒါ့ပြင် Netflix မှာ Executive Producer အဖြစ်လည်းကောင်း (၂၀၀၈)ခုနှစ်မှာ July Moon ဆိုတဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးလည်း တည်ထောင်ထားတာဖြစ်ပါတယ်။

သူမရဲ့ အချစ်ရေးကတော့ အားလုံးသိပြီးလောက်မှာပါ။ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာနဲ့ပြတ်သွားပြီးနောက် တစ်နှစ်ကျော်အကြာမှာ The Weekend နဲ့ လက်ရှိအချိန်ထိ ချစ်သူဖြစ်နေပါတယ်။

သတင်းအရင်းမြစ် Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။