နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် ချစ်တာကို ခံနေရပြီး ဖော်ရွှေတဲ့ အပြုံးတွေနဲ့ အနုပညာ အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ သူကတော့ သရုပ်ဆောင် မင်းသားချောလေး စည်သူဝင်း ပဲဖြစ်ပါတယ်။သူကတော့ MRTV-4 ဇာတ်လမ်းတွဲ တွေ များစွာကို ရိုက်ကူးရာကနေ လူသိများ အောင်မြင်လာတာ ဖြစ်ပြီးတော့ လက်ရှိမှာလည်း “မိုးကောင်းကင် အိမ်မက်” ဇာတ်လမ်းတွဲ တွင် အဓိက ဇာတ်ဆောင် နေရာကနေ ရိုက်ကူးထားပြီး ပရိသတ်တွေ ရင်ထဲကို ထိစေတဲ့ ဇာတ်ကားလေး ဆိုရင်လည်း မမှားပါဘူးနော်……..။
လတ်တလောမှာတော့ အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပြီး ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။သူကတော့ အနေအေးပေမယ့် ပျော်ပျော်နေတတ်သူ တစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာ ပဲဖြစ်ပါတယ်။စတိုင်ကလည်း စမတ်ကျနေပြီး တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ကပဲ မိန်းကလေးတွေရဲ့ ကြားမှာ ထင်ပေါ်နေပြီး လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံနေတဲ့ မင်းသားချောလေး တစ်ဦး ဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ Double Dating အစီအစဉ်ကို ကြိုးစား ပမ်းစား ရိုက်ကူးနေတာ ဖြစ်ပြီး ပရိသတ်တွေကလည်း အရမ်းကို အားပေး ချစ်ခင် နေကြတာလည်း ဖြစ်ပါတယ်။မကြာသေးခင် အချိန်မှာတော့ သူရဲ့ လူမူကွန်ယက် စာမျက်နှာတွင် “မွေးနေ့ မရောက်သေးဘူး လက်ဆောင်တွေ ရောက်နေပြီ သေချာ သိမ်းထား ပါ့မယ်”ဆိုပြီး လက်ဆောင်ပေးတဲ့ ပုံလေးနဲ့ အတူ တင်ပေးလာတာ ဖြစ်ပါတယ်။ ကဲ….ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…..။
သတင်းအရင်းမြစ်: Si Thu Win My Day
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။