ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးနဲ့ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ ရယ်စရာလေးတွေအမြဲလုပ်တတ်ကြတဲ့ ဟာသလူရွှင်တော်တွေကလည်း အပါအဝင်ပါပဲ..။

တစ်ယောက်တစ်မျိုးမရိုးနိုင်တဲ့ ပြတ်လုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်စေကြတဲ့ သူတို့တွေကတော့ အငြိမ့်ဇာတ်ခုံပေါ်မှာရယ်မောစေသလို ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ကာ ပရိသတ်တွေကို သဘောကျစေကြသူတွေပါပဲ..။

Photo Credit - ချက်ကြီး Tik Tok Acc
Photo Credit - ချက်ကြီး Tik Tok Acc

အခုတစ်ခါမှာလည်း လူရွှင်တော်တွေဖြစ်ကြတဲ့ ငြိမ်းချမ်း၊ ထက်ထက်၊ ဒိန်းဒေါင်၊ အုန်းသီး၊ ချက်ကြီးနဲ့ ပိုးလေးတို့ကတော့ Tik Tok အခွီဗီဒီယိုဖိုင်လေးတွေဆော့ကစားပြီးတော့လည်း ပရိသတ်တွေကို ရယ်စရာလေးတွေ ဖန်တီးပေးလိုက်ပြန်ပါတယ်နော်..။

ရည်းစားနဲ့ပြတ်မှလုပ်ချင်ရာလုပ်တဲ့ သူတို့ရဲ့အဖြစ်တွေကို ရယ်စရာလေးတွေနဲ့ပြောပြလာကြတာဖြစ်ပြီး အမူအရာတွေတစ်ယောက်တစ်မျိုးနဲ့ သရုပ်ဖော်ထားကြတဲ့ သူတို့ရဲ့ Tik Tok အခွီဗီဒိယိုဖိုင်လေးကတော့ တကယ်ကို အခွီလေးပါပဲ..။

Photo Credit - ချက်ကြီး Tik Tok Acc
Photo Credit - ချက်ကြီး Tik Tok Acc

"စော်နဲ့ပြတ်ရင် လုပ်ချင်ရာလုပ်မယ် သူငယ်ချင်းတို့ရော ဘာလုပ်မလဲ????????.." ဆိုပြီး သူတို့အဖွဲ့ရဲ့ Tik Tok အခွီဗီဒီယိုလေးကို ချက်ကြီးက ပရိသတ်တွေကိုလည်း ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကလည်း အခွီလေးတွေရဲ့ ရယ်မောသဘောကျစရာကောင်းတဲ့ သူတို့ရဲ့ သရုပ်ဆောင်ပုံလေးတွေနဲ့ အခွီ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း သဘောကျကာ မှတ်ချက်လေးတွေလည်း ပေးထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - ချက်ကြီး Tik Tok Acc
Photo Credit - ချက်ကြီး Tik Tok Acc
@kochatgy

စော်နဲ့ ပြတ်ရင် လုပ်ချင်လုပ်ရာလုပ်မယ်သူငယ်ချင်းတို့ရော ဘာလုပ်မလည်း?????????????

♬ original sound - Min Arkar Aung

သတင်းအရင်းမြစ်: ချက်ကြီး Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။