ဖြူစင်ရိုးသားတဲ့ စိတ်ထားလေးတွေအပြင် လေးစားအတုယူစရာ အပြုအမူလေးတွေကြောင့် အချိန်အတိုတွင်း လူအများရဲ့ ချစ်ခင်မှုတွေကို ရရှိထားခဲ့တဲ့သူကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ သူမဟာ ယုံကြည်ရာလမ်းကို အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းဖို့အတွက် ဝေဖန်မှုတွေကြားထဲကနေ ကြိုးစားလာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် ကြော်ငြာတွေအပြင် ဗီဒီယိုဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတာ တွေ့ရပါတယ်။

Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account

ဖြူဖြူထွေးရဲ့ လေးစားရတဲ့ အပြုအမူလေးကတော့ အနုပညာမှရရှိတဲ့ ငွေကြေးတချို့ကို လိုအပ်နေတဲ့ သူတွေအတွက် မကြာခဏလှူဒါန်းပေးတတ်တာကြောင့် ဆိုရင်လည်း မမှားပါဘူးနော်။ လတ်တလောမှာလည်း သူမက အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာတော့ သူမရဲ့ tik tok account မှာ ပရိသတ်တွေချစ်အားပိုမယ့် ဗီဒီယိုကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Phyu Phyu Htwe fb account
Photo Credit- Phyu Phyu Htwe fb account

ဒီဗီဒီယိုလေးထဲမှာတော့ ဖြူဖြူထွေး က ကိုရီးယားမင်းသမီးလေးလို ချောမောနေပြီး စက်ဘီးစီးနေတာလေးကို ရိုက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်ဆင်ထားတဲ့ဖက်ရှင်လေးက ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းပြီး လိုက်ဖက်နေတာ တွေ့ရပါတယ်။ ကဲ....ပရိသတ်ကြီးရေ စက်ဘီးလေးစီးပြီး ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေး ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Video Credit & Source - Phyu Phyu Htwe Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။