ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘုဏ်းသိုက်ကတော့ တစ်ဦးတည်းသောသမီးလေး မြမိုးဂင်္ဂါကိုလည်း ဖခင်မေတ္တာအပြည့်အဝပေးပြီးစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဘုဏ်းသိုက်က သမီးလေးကိုလည်း အရမ်းချစ်ပြီး လိုလေသေးမရှိအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင်တော့ ဘုဏ်းသိုက်က သမီးလေးနဲ့လည်းမကြာခဏတွေ့ဖြစ်ပြီး ဆုံကြတဲ့အချိန်တိုင်းမှာ ပျော်ရွှင်စရာတွေကိုသာ ဖန်တီးပေးတာဖြစ်ပါတယ်။
မြမိုးဂင်္ဂါလေးကတော့ မိဘနှစ်ပါးရဲ့ပြုစုစောင့်ရှောက်မှုတွေကြောင့် ချစ်စရာကောင်းအောင် ကြီးပြင်းလာပြီး အခုဆိုရင် (၇)နှစ်တောင်ပြည့်သွားပြီဖြစ်ပါတယ်။မြမိုးဂင်္ဂါလေးရဲ့မွေးနေ့တိုင်းမှာ ဖေဖေဘုဏ်းသိုက်က ဘေးမှာအတူရှိပေးပြီး သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲလေးကျင်းပပေးနေကျဖြစ်ပါတယ်။အခုဆိုရင်လည်း ဘုဏ်းသိုက်က သူငယ်ချင်း၊မိတ်ဆွေတွေကိုစုံလင်အောင်ဖိတ်ပြီး သမီးလေးပျော်ရွှင်သွားအောင်လို့ မွေးနေ့ကိတ်လေးခွဲပေးကြတာဖြစ်ပါတယ်။မြမိုးဂင်္ဂါလေးကလည်း သူ့ရဲ့မွေးနေ့တိုင်းမှာ ဖေဖေကပျော်အောင်လုပ်ပေးလို့ မင်းသမီးလေးလိုပျော်ရွှင်နေရတာပဲဖြစ်ပါတယ်နော်။
ဘုဏ်းသိုက်ကတော့"Very Happy Birthday သမီးလေး •••!" သမီးလေးရဲ့ မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ အခုအတိုင်းလေးပဲ တစ်သက်လုံး ဆက်ရှိနေပေးမယ် "ဒါက နှစ်စဉ်နှစ်တိုင်း ပေးနေမယ့် မွေးနေ့ လက်ဆောင် တစ်ခု ပဲ •••ဒီထက် ပိုကြီးပြင်းလာပြီး ပိုရင့်ကျက်လာတဲ့ တစ်နေ့ ဒီပိုစ့်လေးကို သမီး ပြန်ဖတ်ရတဲ့ အခါ သမီးလေး ကျေနပ်မှာပါ •••မှတ်ချက်/ သူ့ဖေဖေရဲ့ လူကြီး သူငယ်ချင်းတွေ စုံအောင် စောင့်ရင်း BirthdayCake ခွဲချိန် နဲ့ သူ့သူငယ်ချင်းလေးတွေနဲ့ ဆော့ချိန် နောက်ကျသွားတဲ့ အတွက် အခုလို ရှုသိုးသိုး ဂျစ်တစ်တစ် ဖြစ်နေတဲ့ သူ့ဓါတ်ပုံလေးတွေကို ပြန်ကြည့်ပြီးတော့လည်း ရယ်မောပျော်ရွှင် နိုင်ပါစေ ချစ်သော ဒေါ်မြမိုးဂင်္ဂါ ••ဘုဏ်းသိုက် ၂၄:ဇန်နဝါရီလ:၂၀၂၁ ရန်ကုန်မြို့"ဆိုပြီး အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။
Source&Photo Credit:Hpone Thaik's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။