ဒီတစ်ခေါက်မှာတော့ အချိုးစားညီမျှတဲ့ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ ပုရိသ ပရိသ​တ် တွေအကြား ရေပန်းစားနေတဲ့ သန္တာဗိုလ်ပဲ ဖြစ်ပါတယ်။ သန္တာဗိုလ်ဟာ ဝါရင့် သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ အကယ်ဒမီ ချောရတနာ ရဲ့ ညီမ အရင်း ဖြစ်ပြီး အစ်မ ဖြစ်သူရဲ့လမ်းညွန်မှုတွေနဲ့ အတူ အနုပညာ အလုပ်တွေကို လုပ်ကာ ယခုချိန်မှာတော့ နေရာတစ်ခုထိ ရောက်ရှိအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ သန္တာဗိုလ် ဟာစကားပြော ဖော်ရွေပြီး စတိုင်စမက်ကျကာ ပျော်ပျော်ရွှင်ရွှင် နေတက်တာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

Photo Crd - Thandar Bo Facebook account
Photo Crd - Thandar Bo Facebook account

သူမကတော့ သရုပ်ဆောင်မင်းသားချောလေး ကောင်းပြည့်နဲ့ လည်း ချစ်ကြိုက်နေကြပြီး အချိန်အတော်ကြာ လက်တွဲ မဖြုတ်ပဲ ဆိုးတူကောင်းဖက်ရှိနေတာကြောင့် ပရိသတ်တွေ အားကျရတဲ့အနုပညာရှင်တွေထဲက အတွဲတစ်တွဲ လည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း အမိုက်စား ဖက်ရှင်တွေ ဝတ်ကာ ပရိသတ်တွေကို ချပြပြီး အချစ်တွေ ပိုစေတဲ့ သူလေးလည်း ဖြစ်ပါတယ်။ အလုပ်အားတဲ့ အချိန်တွေမှာလည်း သူငယ်ချင်းတွေနဲ့ အတူ ရယ်စရာ ဟာသ TikTokလေးတွေ ကစားပြီး ပရိသတ်တွေကို ချပြလေ့ရှိပါသေးတယ်။

Photo Crd - Thandar Bo Facebook account
Photo Crd - Thandar Bo Facebook account

ယခုအခါမှာလည်း သူမတော့ အမိုက်စား ကကွက်တွေ ထုတ်ပြီး ဆော့ကစား ထားတဲ့ TikTok ဗီဒီယိုလေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။ စတိုင်စမက်ကျပြီး ညို့အားပြင်းတဲ့ အကြည့်တွေကြောင့် ပရိသတ်တွေ ရန်ခုန်စေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးတွေ ထဲမှာ သန္တာဗိုလ်တစ်ယောက် အရမ်းကို မိမိုက်နေပြီး အထာကျနေတာပဲ ဖြစ်ပါတယ်။ ကဲ....ပရိသတ်ကြီးတို့အတွက် သန္တာဗိုလ်ရဲ့ ရင်ခုန်ချင်စရာကောင်းတဲ့ TikTok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်တာ ပဲ ဖြစ်ပါတယ်နော်....။

Photo Crd - Thandar Bo Facebook account
Photo Crd - Thandar Bo Facebook account

သတင်းအရင်းမြစ်: Thandar Bo TikTok account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။