ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကိုလည်း အကောင်းဆုံးကြိုးစားသရုပ်ဆောင်လျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့ သူမကတော့ လူချစ်လူခင်ပေါများပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုလည်းရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

PhotoCredit: Soe Myat Thuzar 's Facebook Page 
PhotoCredit: Soe Myat Thuzar 's Facebook Page 

ပရိသတ်တွေကချစ်စနိုးနဲ့ မကြီးစိုးလို့ခေါ်ကြတဲ့ သူမကတော့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့ အားလပ်တဲ့အချိန်လေးတွေမှာmobile legendsဂိမ်းကို စွဲစွဲမ​ြဲမြဲနဲ့ဆော့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မကြီးစိုးကတော့ မြန်မာနိုင်ငံmobile legendsအသင်းဖြစ်တဲ့ burmese ghoulsအသင်းရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး Bgကစားသမားတွေနဲ့ တွေဆုံခဲ့သေးကာ ဂိမ်းတွေလည်း အတူဆော့ကစားခဲ့သေးတာပဲဖြစ်ပါတယ်။

PhotoCredit: Soe Myat Thuzar 's Facebook Page 
PhotoCredit: Soe Myat Thuzar 's Facebook Page 

သူမကတော့ ယခုမှာ နိုင်ငံခြားမှာ ယှဥ်ပြိုင်နေတဲ့ Bgအသင်းကို အားကြိုးမာန်တက်နဲ့အားပေးရင်း အားမလိုအားမရဖြစ်ကာတာဝါချိုးဖို့ပြောနေခဲ့ပါတယ်။ဘေးနားကလူတွေနဲ့အတူ ရူတင်မှာ အားရပါးရအားပေးနေတဲ့မကြီးစိုးရဲ့ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးစိုးမြတ်သူဇာရဲ့Bgအသင်းကို အားပေးနေတဲ့ဗီဒီယိုလေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Soe Myat Thuzar Fan 's Titok Acc

PhotoCredit: Soe Myat Thuzar 's Facebook Page 
PhotoCredit: Soe Myat Thuzar 's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။