မော်ဒယ်လ် စူးရှထက်ကတော့ Photo Shooting တွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ စူးရှထက်က အလုပ်လုပ်တဲ့နေရာမှာ စိတ်ရောကိုယ်ပါနှစ်ပြီး အာရုံစိုက်တတ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်တစားအားပေးမှုကိုရရှိပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ စူးရှထက်က သူ့ကိုကျွေးမွေးပြုစုခဲ့တဲ့ ဖေဖေနဲ့မေမေကို အခုချိန်မှာ ကျေးဇူးပြန်ဆပ်နေတာ ဖြစ်ပါတယ် ။

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

စူးရှထက်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ် Online Shopping အလုပ်ကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ စကားပြောချိုသာပြီး အားလုံးအပေါ်မှာ ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့ စူးရှထက်က Live Sale တွေရောင်းချတဲ့နေရာမှာလည်း အောင်မြင်မှုတွေရနေတာ ဖြစ်ပါတယ် ။ အခုတော့ စူးရှထက်က ရယ်ရခက် ငိုရခက်ဖြစ်နေတဲ့ သူမရဲ့အဖြစ်အပျက်လေးတစ်ခုကို ပရိသတ်တွေသိအောင် ရင်ဖွင့်ပြီး စိုးရိမ်တကြီးနဲ့ မေးမြန်းထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

စူးရှထက်က "တစ်ခုလောက်မေးချင်လို့ ပြောပြကြပါနော် ပွဲတစ်ခုရှိတော့ ဘာညာအလှပြင်ရင်း မျက်ကပ်မှန်လေးတပ်လိုက်တယ် အမြန်ပေါ့ ပွဲလည်းရောက်ရော မျက်ကပ်မှန်က ခိုးလုခုလု ဖြစ်လို့ဆိုပြီး ရေသန့်ဘူးထဲ ထည့်ထားလိုက်တာ ပြန်မယ်လည်းဆိုရော မျက်ကပ်မှန်ထည့်ထားတဲ့ ရေဘူးလေးကိုသယ်လာပါလေရော အိမ်ရောက်တော့ ကိုယ်ကလည်းမူးနေတာ ကိုယ်အိပ်တဲ့ခေါင်းရင်းမှာ ထားထားတာပေါ့ မနက်ကျတော့ ပုံမှန်ရေသောက်နေကြဆိုတော့ သောက်ချလိုက်တာ မျက်ကပ်မှန်တွေ ဗိုက်ထဲရောက်သွားလို့ပါရှင့် ဘာဖြစ်တတ်လဲ ဘာလုပ်ရမလဲ ကူညီပြောကြပါဦး အမျိုးတို့ရေ " ဆိုပြီး သူမရဲ့အဖြစ်ကို ပြောပြထားတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေလည်း ဘေဘီစူးရှထက်အတွက် အကြံပေးခဲ့ကြပါဦးနော်။

Source & Photo Credit-Zar Chi's FB Acc

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။