ဒိတ်ဒိတ်ကြဲအောင်မြင်နေကြတဲ့ ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်တွေထဲမှာ ယောကျ်ားလေးမိန်းကလေးမရွေး အားလုံးက သည်းသည်းလှုပ်ချစ်ခင်နေကြတဲ့ ထိပ်တန်းမင်းသမီးချောတွေကတော့ အိန္ဒြာကျော်ဇင်နဲ့ ဖွေးဖွေးတို့ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကိုယ်စီနဲ့ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိအောင်မြင်စွာရပ်တည်နေကြပြီး အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်နေကာ ပီပြင်သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကိုပါ ရရှိထားကြသူတွေပါပဲ..။

Photo Credit - Eaindra Kyaw Zin's Fb Page
Photo Credit - Li John Photography

ပရိသတ်တွေရဲ့ရင်ထဲတိုးဝင်နေရာယူထားကြတဲ့ အားလုံးရဲ့အချစ်တော်လေးသူမတို့နှစ်ယောက်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုအတူလက်တွဲလုပ်ဆောင်နေပြီး ပရိသတ်တွေကိုအချစ်ပိုသဘောကျစေပြန်ပါတယ်နော်..။

အခုတစ်ခါမှာလည်း အူဝဲနဲ့ ဖွေးစိန်လေးတို့ အနုပညာညီအစ်မနှစ်ယောက်ဟာ အတူတွေ့ဆုံတဲ့အချိန်လေးမှာ ပျော်စရာအမှတ်တရလေးတွေဖန်တီးကာ ပရိသတ်တွေကို ဗီဒီယိုဖိုင်လေးနဲ့အတူ ဝေမျှလာပါတယ်နော်..။

Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

ပရိသတ်တွေအပြင် သူမကိုယ်တိုင်အရမ်းချစ်ရတဲ့ မအူဝဲနဲ့ရှုတင်မှာတွေ့တုန်းလေး အမိအရဗီဒီယိုရိုက်ပြီး စနောက်နေတဲ့ ဖွေးစိန်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာ အသေအချာပါပဲနော်..။

ကဲ.. ဒီကနေ့လေးမှာတော့ အားလုံးရဲ့အသည်းကျော် အနုပညာရှင်မင်းသမီးချောလေး နှစ်ယောက်ဖြစ်တဲ့ အူဝဲနဲ့ ဖွေးစိန်လေးတို့ရဲ့ ရိုက်ကွင်းမှာဆုံတုန်းလေး အမှတ်တရရိုက်ထားကြတဲ့ ေီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်..။

Photo Credit - Phway Phway's Fb Page
Photo Credit - Phway Phway's Fb Page

သတင်းအရင်းမြစ်: Phway Phway's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။