ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ပုရိသပရိသတ်တွေကြား ရေပန်းစား အောင်မြင်မှုတွေတစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ အိချောပိုက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးနေရတဲ့ သူမက အခုလက်ရှိမှာလည်း ရှုတင်တွေ များစွာရှိနေခဲ့တာ ဖြစ်ပါတယ်။ ကာရိုက်တာပေါင်းစုံကို ပီပီပြင်ပြင် ရိုက်ကူးနိုင်တဲ့ သူမရဲ့ ဇာတ်ကားတွေကို ပရိသတ်တွေက အကြိုက်တွေ့နေတာလည်း ဖြစ်ပါတယ်။

Photo credit - Han Myat Thaw
Photo credit - Han Myat Thaw
Photo credit - Han Myat Thaw

အိချောပိုက တောင့်တင်းကျစ်လစ်တဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာဖြစ်ပြီး လှပတဲ့ မျက်နှာလေးနဲ့ လိုက်ဖက်တဲ့ ဆံပင်အရှည်ကိုလည်း ထားရှိတာကြောင့် နန်းဆန်ဆန်လှသူလေးပါနော်။ ခေတ်ပေါ်ဖက်ရှင်လေးတွေအပြင် မြန်မာဝတ်စုံလေးတွေကို မကြာခဏဆိုသလို ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ အိချောပိုရဲ့အလှကတော့ တကယ်ကို ရင်သပ်ရှုမောဖွယ်ဖြစ်ပါတယ်။

Photo credit - Han Myat Thaw
Photo credit - Han Myat Thaw
Photo credit - Han Myat Thaw

အိချောပိုက ပရိသတ်တွေအချစ်ပိုစေလောက်တဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှယ တင်ပေးလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။ ဒါကတော့ မြင်သူတိုင်းရင်ကို အေးစေလောက်တဲ့ မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်ညီညီ လှပနေခဲ့တဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ရင်သပ်ရှုမောစရာ အလှတွေပေါ်လွင်နေတဲ့ အိချောပိုရဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်....။

Photo credit - Han Myat Thaw
Photo credit - Han Myat Thaw
Photo credit - Han Myat Thaw
Photo credit - Han Myat Thaw

သတင်းအရင်းမြစ်: Source - Ei Chaw Po's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။