ပရိသတ်အချစ်တော် နှစ်ဦး ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ ရဝေအောင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ တစ်ချိန်က အနုပညာလောက မှာ နေရာရယူထားကာ ယနေ့ချိန်ထိ တိုင်အောင် နာမည်ကျော်ကြားလူကြိုက်များနေကြတဲ့ သူလေး နှစ်ဦးပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်မက အောင်မြင်ခဲ့ကာ သူတို့နှစ်ဦး ရဲ့ သရုပ်ဆောင်ကောင်းမှုတွေ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံ မှုကို ရရှိခဲ့ကြတာ ဆိုရင်လည်း မမှားပါဘူး။

Photo Crd - Yawai Aung ' FB account
Photo Crd - Yawai Aung ' FB account

ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် အကယ်ဒမီ ဆုကြီးတွေ ကိုလည်း ရရှိထားပြီး ပရိသတ်အားပေးထောက်ခံမှုနဲ့ အတူအနုပညာ လမ်းကို ဆက်လက်လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ တစ်ချိန်က အနုပညာလောက ကို ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ရိုက်ကူးခဲ့ကြပြီး အနုပညာ အလုပ်တွေကို အားကြိုးမာန်တက် လုပ်ခဲ့ကြပေမဲ့လည်း ယခုအချိန်မှာတော့ အနုပညာ အလုပ်တွေကို ဖြေးဖြေးမှန်မှန်လေး လုပ်နေကာ ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Crd - Yawai Aung ' FB account
Photo Crd - Yawai Aung ' FB account

ယခုအခါမှာလည်း တစ်ချိန်က ထက်ထက်မိုးဦးနဲ့ အတူ ရိုက်ခဲ့ကြတဲ့ အမှတ်တရ ပုံလေးတွေ ကို ချပြလာတာပဲ ဖြစ်ပါတယ်။ ကြော်ငြာတစ်ခုမှာ မထက်နဲ့ အတူ roထားတဲ့ ပုံလေးတွေ ကို ရဝေအောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ "ငယ်ရွှယ်စဥ်က မထက်နဲ့ပြက္ခဒိန်ရိုက်အမှတ်တရလေး"ဆိုတဲ့ ခေါင်းစဥ်လေး တပ်ပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း မထက်နဲ့ ရဝေအောင်တို့ရဲ့ ဆက်လျှောက်မယ့် အနုပညာလမ်းကို ဆက်လက်အားပေး ဝန်းရံပေးလိုက်ကြပါဦးနော်.....။

Photo Crd - Yawai Aung ' FB account
Photo Crd - Yawai Aung ' FB account

သတင်းအရင်းမြစ်: Yawai Aung ' FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။