အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံတို့က သာယာအေးချမ်းစွာနဲ့ ဘဝကိုဖြတ်သန်းနေကြပြီး အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပါတယ်နော်။ရွှေမှုံလေးကတော့ အသက်သာငယ်ပေမယ့် ဇနီးကောင်းတစ်ယောက်ပီသပြီး ချစ်ခင်ပွန်းရဲ့ဝေယျာဝစ္စတွေကို ကိုယ်တိုင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။



လက်ရှိမှာဆိုရင်တော့ ရွှေထူးနဲ့ရွှေမှုံတို့က အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေရပြီး နေ့တိုင်းလိုလိုရှုတင်တွေသွားနေရတာဖြစ်ပါတယ်။ရွှေမှုံလေးကလည်း သူမအားတဲ့ရက်တွေမှာဆိုရင် ချစ်ခင်ပွန်းရဲ့ရှုတင်တွေကိုလိုက်သွားပြီး တတ်နိုင်သလောက်ကူညီပေးတာဖြစ်ပါတယ်နော်။ရွှေထူးနဲ့ရွှေမှုံတို့ရဲ့အိမ်ထောင်သက်တမ်းလေးက (၂)နှစ်ကျော်ရှိနေပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်မလျော့တဲ့ချစ်ခြင်းတွေနဲ့ ရှေ့ဆက်လက်တွဲနေကြတာဖြစ်ပါတယ်။


ရွှေထူးကလည်း ကလေးလေးလိုမျိုးချွဲတတ်တဲ့ ချစ်ဇနီးချောလေးကို အရမ်းအလိုလိုက်ပြီး စိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။ရွှေမှုံလေးကတော့ ချစ်ခင်ပွန်းရဲ့နောက်ကို အမြဲလိုက်တတ်တာကြောင့် အခုဆိုရင်လည်း အပြင်သွားမယ့်ရွှေထူးရဲ့နောက်ကိုလိုက်ချင်လို့ အတင်းပူဆာနေတာဖြစ်ပါတယ်။ရွှေထူးကလည်း ချစ်ဇနီးလေးကိုအရမ်းချစ်တာကြောင့် သူမကိုပါအတူခေါ်လာပြီး အပြင်သွားကြတဲ့ပုံရိပ်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။



Source&Photo Credit:Htoo Khant's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။