Cover Song လေးတွေ  သီဆိုရာမှတစ်ဆင့်  ပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင်  ညှို့ယူဖမ်းစားထားသူကတော့  နေရွှေသွေးအောင်ပဲ  ဖြစ်ပါတယ်။  သူ့ကိုတော့  ချစ်ရတဲ့မိတ်ဆွေသူငယ်ချင်းများက  ဖိုးလပြည့်လို့လည်း  ခေါ်ဆိုကြပါသေးတယ်။ ဖိုးလပြည့်ဟာ  ခန့်ညားတည်ကြည်တဲ့ ရုပ်ရည်သွင်ပြင်ကို  ပိုင်ဆိုင်ထားပြီး   စမတ်ကျကျဖက်ရှင်တွေကိုသာ ရွေးချယ် ဝတ်ဆင်လေ့ရှိတာကြောင့်လည်း  နှုတ်ခမ်းနီမလေးတွေက  တဖြုတ်ဖြုတ်ကြွေနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd- Nay Shwe Thway Aung’s Facebook Account 
Photo Crd- Nay Shwe Thway Aung’s Facebook Account 

နေရွှေသွေးအောင်ဟာ  လတ်တလောမှာတော့  ဂီတလှုပ်ရှားမှုတွေ  မရှိသေးဘဲ  စီးပွားရေးလုပ်ငန်းတွေကိုသာ  ဦးစီးလုပ်ကိုင်နေတာလည်း  ဖြစ်ပါတယ်။  သူဟာ  အနုပညာရှင်တိုင်းကိုလည်း  ချစ်ခင်သူဖြစ်ပြီး  လိုအပ်တဲ့အရာတိုင်းကို  ကူညီထောက်ပံ့မှုတွေ  အမြဲလုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။  သူ့ရဲ့လှုပ်ရှားမှုတွေကိုလည်း  အမြဲတင်ပေးလျက်ရှိပြီး  မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  နေရွှေသွေးအောင်ရဲ့ Facebook Story မှာ ပုံလေးတွေ  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd- Nay Shwe Thway Aung’s Facebook Account 
Photo Crd- Nay Shwe Thway Aung’s Facebook Account 
Photo Crd- Nay Shwe Thway Aung’s Facebook Account 

ဒါကတော့  Staycation သွားရင်းချစ်ရတဲ့သူတွေနဲ့အမှတ်မထင်တွေ့ဆုံကာ အမှတ်တရဓာတ်ဖမ်းဖြစ်ခဲ့တဲ့ နေရွှေသွေးအောင်ရဲ့ ပုံရိပ်တွေပဲ  ဖြစ်ပါတယ်။  သူကလည်း  ဒီပုံလေးတွေပေါ်မှာ “ Round -1,2,3,4” ဆိုပြီး  ရေးကာ တင်ထားတာလည်း  ဖြစ်ပါတယ်။  သူ့ရဲ့ ပုံလေးတွေကို စောင့်စားနေတဲ့ ပရိသတ်တွေအတွက်  နေရွှေသွေးအောင်ရဲ့  Update ပုံလေးတွေကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်  ပေးလိုက်ရပါတယ်နော်။ 

Source and Photo Crd- Nay Shwe Thway Aung’s Facebook Account 

Photo Crd- Nay Shwe Thway Aung’s Facebook Account 
Photo Crd- Nay Shwe Thway Aung’s Facebook Account 
Photo Crd- Nay Shwe Thway Aung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။