ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားခဲ့တဲ့ သူကတော့ ဟန်ဇာမိုးဝင်းပဲ ဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းက ဇာတ်မင်းသားတစ်ယောက်အပြင် သရုပ်ဆောင်အနေနဲ့လည်း ဗီဒီယိုဇာတ်ကားတွေထဲမှာလည်း ပါဝင်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်လေးမှာတော့ ပရိသတ်တွေအတွက် လူမှုကွန်ယက်ကနေ တင်မောင်ဆန်းမင်းဝင်း နဲ့အတူ ကပြဖျော်ဖြေပေးနေတာ တွေ့ရပါတယ်။
ဟန်ဇာမိုးဝင်းက အရပ်အမောင်းကောင်းတဲ့အပြင် တည်ကြည်ခန့်ညားပြီး စမတ်ကျကျ ဝတ်စားဆင်ယဥ်တတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေကလည်း စိတ်ဝင်စားချစ်အားပိုနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကိုဝါသနာကြီးတဲ့ ဟန်ဇာမိုးဝင်းက အပျင်းအပြေ tik tok လေးတွေဆော့ကစားပြီး ပရိသတ်တွေကိုဖော်ပြပေးပါတယ်။ ယခုမှာလည်း ဟန်ဇာမိုးဝင်း က ပရိသတ်တွေသဘောကျမယ့် tiktok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီ ဗီဒီယိုလေးတွေထဲမှာတော့ ဟန်ဇာမိုးဝင်း က ခေတ်စားနေတဲ့ Tik Tokလေးကို သူ့ရဲ့ အဖွဲ့သားတွေနဲ့အတူ အပီအပြင်ကပြီး ဆော့ကစားထားတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဟန်ဇာမိုးဝင်း ရဲ့ အမိုက်စားtik tokဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အဖွဲ့သားတွေနဲ့အတူ ဆော့ကစားထားတဲ့ ဟန်ဇာမိုးဝင်းရဲ့ အမိုက်စား tiktok လေးကို ကြည့်ရှု့လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Source & Video Credit - Han Zar Moe Win Tik Tok
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။