ပရိသတ်ကြီးရေ ဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စူပါဘဲတော ကတော့ အနုပညာနယ်ပယ်တစ်ခုမှာ နေရာရရှိထားသူပဲ ဖြစ်ပါတယ်။ စူပါဘဲတောက မန္တလေးက နာမည်ကြီးနေတဲ့ "စိန်ဒူးဝါး" မင်္ဂလာဆိုင်းအဖွဲ့မှာ လူရွှင်တော်တစ်ယောက်အဖြစ် လုပ်ကိုင်လာရာကနေ စတင်လူသိများလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ စူပါဘဲတောက နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေရပြီလည်း ဖြစ်ပါတယ်။

PhotoCredit - စူပါဘဲတော fb page
PhotoCredit - စူပါဘဲတော fb page

အနုပညာကိုဝါသနာကြီးလွန်းတဲ့ စူပါဘဲတော က ကိုဗစ်တိုက်ဖျက်ရေးကာလလေးမှာလည်း ချစ်တဲ့သူတွေ ပျော်ရွှင်မှုတွေရအောင် ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးပြီး ဖော်ပြပေးပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေသဘောကျကြပြီး ကြည့်ရှု့အားပေးသူများတာ တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း နောက်ထပ် ရယ်စရာဟာသ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

PhotoCredit - စူပါဘဲတော fb page
PhotoCredit - စူပါဘဲတော fb page

ဒီဗီဒီယိုလေးထဲမှာတော့ ကိုဗစ်ကာလဖြတ်သန်းခဲ့ရတာကို ကြည့်မိသူတိုင်း ရယ်မောသွားအောင် ရွဲကုန်သည်ပြဇာတ်ထဲကလို ငိုချင်းချနေတဲ့အချိန်မှာ ဇနီးဖြစ်သူရဲ့စကားကြောင်း ကြောက်စိတ်ဝင်သွားခဲ့ရပုံကို ဟာသအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း စူပါဘဲတော က " အားလုံး သောကကင်းဝေးပျော်ရွှင်ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ တစ်နေ့တာရဲ့ အချိန်လေးတွေကို ရယ်စရာလေးတွေနဲ့ ဖြတ်သန်းနိုင်အောင် စူပါဘဲတော ရဲ့ ဟာသဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Video Credit & Source - စူပါဘဲတော fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။