ဒီတစ်ခေါက်မှာ စကားဝဲပြီး ချစ်စရာကောင်းတဲ့ စကားပြောဆို ဟန်ကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် ချောရတနာပဲဖြစ်ပါတယ်။ ဗီဒီယို ခေတ်ထဲက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိကာ ယနေ့ချိန်ထိ အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပဲဖြစ်ပါတယ်။ ကျရုပ်ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့တာ ဆိုရင်လည်းမမှားပါဘူး။

Photo Crd - Chaw Yadanar Facebook account
Photo Crd - Chaw Yadanar Facebook account

ပီပြင်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေကို လည်း လက်ခံရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုကြီးကို လည်း ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ယခုအချိန်မှာလည်း ကြော်ငြာများစွာကို လက်ခံရိုက်ကူးနေပြီး အနုပညာအလုပ်တွေကို ဖြေးဖြေးမှန်မှန်လေး လုပ်ဆောင်နေကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။သရုပ်ဆောင် ချောရတနာကတော့ သူမအပေါ် ကြင်နာယုယ တဲ့ ခင်ပွန်းသယ်နဲ့ အတူ ချစ်စရာကောင်းတဲ့ သားသားလေးနဲ့ မီးမီးလေးကို မွေးဖွားထားကာ ပရိသတ်တွေအားကျ ရတဲ့ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ရရှိပိုင်ဆိုင်ထားတာ ပဲဖြစ်ပါတယ်။

Photo Crd - Chaw Yadanar Facebook account
Photo Crd - Chaw Yadanar Facebook account

ယခုအခါမှာတော့ ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ ဆော့ကစားထားတဲ့ TikTok ဗီဒီယိုလေးကို ချပြလာတာ ပဲဖြစ်ပါတယ်။ ကလေးအမေ တစ်ယောက်လို့ထင်မှတ်စရာမရှိလောက်အောင် ချောမောလှပနေပြီး ညို့အားပြင်းတဲ့ အကြည့်တွေနဲ့ စွဲဆောင်မှုရှိရှိ ဆော့ကစားထားတာ ပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာ ချောရတနာတစ်ယောက် အရမ်းကို နုဖက်ပြီး ချစ်စရာကောင်းနေတာ ပဲဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီးတို့ အတွက်ချောရတနာ ရဲ့ အမိုက်စား ဆော့ကစားထားတဲ့ TikTok ဗီဒီယိုလေးကို ပြန်လည် ကူးယူဖော်ပြပေးလိုက်တာ ပဲဖြစ်ပါတယ်နော်….။

Photo Crd - Chaw Yadanar Facebook account
Photo Crd - Chaw Yadanar Facebook account
@chawyadanar29

I so pretty ?????

♬ I'm So Pretty - chunkymonkeeyy

သတင်းအရင်းမြစ်: Chaw Yadanar TikTok account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။