ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊စိုးမြတ်ကလျာ၊စိုးမြတ်နန္ဒာတို့ညီအစ်မသုံးယောက်ဟာဆိုရင် တစ်ခေတ်တစ်ခါမှာ အနုပညာလမ်းကြောင်းပေါ်လျှောက်ခဲ့ကြပြီး အောင်မြင်ကျော်ကြားခဲ့ကြတာဖြစ်ပါတယ်။စိုးမြတ်သူဇာနဲ့စိုးမြတ်နန္ဒာကတော့ ယနေ့အချိန်ထိတိုင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။စိုးမြတ်ကလျာက မိဘနှစ်ပါးနဲ့အိမ်ရဲ့ဝေယျာဝစ္စတွေကို တစ်နေရာမှမလစ်ဟင်းအောင်ဆောင်ရွက်နေသလို ချစ်ညီမလေးတွေကိုလည်းအမြဲဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။

Photo Credit:Soe Myat Thuzar's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account

စိုးမြတ်သူဇာတို့မိသားစုလေးက အပြန်အလှန်ဂရုစိုက်မှုတွေနဲ့ နွေးနွေးထွေးထွေးရှိကြလို့ သာယာအေးချမ်းလှတဲ့မိသားစုလေးပဲဖြစ်ပါတယ်။စိုးမြတ်သူဇာမှာ တူနဲ့တူမချောလေး နှစ်ယောက်လည်းရှိတာကြောင့် ကလေးတွေကိုလည်းအမြဲဆိုဆုံးမပေးပြီး ဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။(၁၄.၁.၂၀၂၁)ရက်လေးကတော့ စိုးမြတ်သူဇာရဲ့တူမချောလေး ခေတ်သခင်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် အဒေါ်တွေနဲ့ဘွားဘွားတို့က မွေးနေ့ဆုမွန်ကောင်းလေးတွေ ရေးသားပေးကြတာဖြစ်ပါတယ်။ 

Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account

ညပိုင်းမှာတော့ စိုးမြတ်သူဇာတို့က မိသားစုစုံစုံလင်လင်နဲ့ ညစာစားကြပြီး ခေတ်သခင်ရဲ့မွေးနေ့ပွဲလေးကို လုပ်ပေးလိုက်ကြတာဖြစ်ပါတယ်။ခေတ်သခင်ကလည်း ဘိုးဘိုး၊ဘွားဘွား၊မေမေ၊အဒေါ်တွေနဲ့အတူ ကိတ်မုန့်လေးခွဲပြီး အကုန်လုံးကိုခွံ့ကျွေးခဲ့တာဖြစ်ပါတယ်။စိုးမြတ်သူဇာကလည်း တူမချောလေးခွံ့ကျွေးတဲ့ကိတ်မုန့်ကို အားရပါးရစားနေပြီး အရမ်းပျော်ရွှင်နေကြလို့ သူမတို့မိသားစုရဲ့အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account
Photo Credit:Soe Kyi Phyu's Facebook Account

Source&Photo Credit:Soe Kyi Phyu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။