ပရိသတ်ကြီးရေ စူပါမော်ဒယ်လေး Mဆိုင်းလုကတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းတွေကို ခြွေချထားသူပဲ ဖြစ်ပါတယ်။ Mဆိုင်းလုက အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုများစွာ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူမဟာ သွယ်လျကျစ်လျစ်တဲ့ အမိုက်စားကိုယ်လုံးလေးအပြင် ဆွဲဆောင်မှုရှိတဲ့ သဘာဝအလှတရားကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။


ဝတ်စားဆင်ယဥ်မှုမှာလည်း ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ် လိုက်ဖက်အောင် ဝတ်ဆင်တတ်တာကြောင့် ပျိုမေလေးတွေကလည်း အားကျနေရတာဖြစ်ပါတယ်။ လတ်တလောမှာလည်း Mဆိုင်းလုက အနုပညာအလုပ်တွေခဏတာ ရပ်နားထားခဲ့ပေမဲ့ အပျင်းအပြေ tik tok လေးတွေ ဆော့ကစားပြီး ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာတော့ M ဆိုင်းလုက အပျင်းအပြေ ဆော့ကစားထားတဲ့ tik tok လေးကို ပရိသတ်တွေ ချစ်အားပိုလောက်အောင် တင်ပေးလာခဲ့ပါတယ်။


ဒီဗီဒီယိုလေးထဲမှာတော့ Mဆိုင်းလုက ခေတ်စားနေတဲ့ tik tok လေးကို ကိုယ်ပိုင်ဟန်လေးနဲ့ အပီအပြင်ကပြီး ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုရှိရှိ ဆော့ကစားထားတဲ့ Mဆိုင်းလုရဲ့ tik tok လေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။ ကဲ...ပရိသတ်ကြီးရေ အသည်းယားစရာ အမူအရာလေးတွေနဲ့ ဆော့ကစားထားတဲ့ Mဆိုင်းလုရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Video Credit & Source - M Seng Lu's FB Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။