ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအနေနဲ့ မအေးအေးခိုင်ကို မမြင်ဖူးသူမရှိလောက်ပါဘူး ။ အနုပညာလောကမှာ သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့
၀ါရင့်သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ် ။ မိသားစုအဝင်အနေနဲ့ သားလေးတစ်ယောက်ရှိပြီး အမည်ကတော့ ဉာဏ်သွေးဟန်လို့ခေါ်ပါတယ် ။ သားလေး ၆နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတာမို့ သားလေး ကိုလည်း အမေတစ်ယောက်လို ရော၊ အဖေ တစ်ယောက်လိုပါ ချစ်ခင်ပြုစုခဲ့ပြီး အခုလက်ရှိမှာလည်း သားလေးပညာရေးအတွက်ကိုပဲ ပ့ံပိုးပေးနေတယ်လို့ Duwun Media က အင်တာဗျူးတစ်ရပ်မှာဆိုပါတယ် ။

'' မိန်းမသားတစ်ယောက်အနေနဲ့ဘဝကိုဘယ်လိုရုန်းကန်ရတယ်ဆိုတာကို ကိုယ်ချင်းစာတတ်ကြမှာပါ။ အနုပညာသမား တစ်ယောက်ဆိုပေမယ့် ကိုယ့်သားသမီး ကိုယ့်ကြောင့်မျက်နှာပျက်စရာ ဘယ်တော့ မှမဖြစ်စေရ ဘူး။ အစ်မ သားလေးကို မျက်နှာမငယ်အောင် ထားတယ်။အစ်မသားလေးကို KG (မူကြို) ကတည်းက အင်္ဂလိပ်ကျောင်းရော၊ မြန်မာကျောင်းရော ထားခဲ့တယ်။ နိုင်ငံရေးက ဘာဖြစ်မလဲဆိုတာ ကြို မမြင်ရဘူးဆိုတော့ ဒီလိုလေးထားပေးတယ်။ကိုယ်ရှာသမျှသည် ကိုယ့်သား အတွက်ပဲ ဖြစ်ရမယ်။သားလေး ၉ တန်းအရွယ်ရောက်တဲ့အချိန်မှာ နိုင်ငံခြားကို သွားဖို့အချိန်ကျလာတယ်။ သူရောက်သွားတဲ့ အချိန်မှာ ဟိုနိုင်ငံမှာ ၉ တန်းက ပြီးတော့မယ် သူ ဝင်ခွင့်စာမေးပွဲတွေဖြေတော့ အောင်သွားတယ်၊ ၉တန်းပဲ ပြန်တက်ခွင့်ခဲ့တယ် အခုဆိုရင် ၁၁တန်းရောက်နေပြီ။ ပန်းချီပညာကိုလည်း သူတိုးတက်လာ တယ်၊ သူ့ပုံကိုပုံတူ ဆွဲနိုင်ပြီ။ သူ့အကျင်္ီမှာပါတဲ့ အရုပ်လေးတွေကိုလည်း သူဆွဲနိုင်ပြီ။ သူ့ရဲ့ ပန်းချီကားလေးတွေကိုလည်း ပြတိုက်မှာ ပြခွင့်ရ တယ်။ အတော်ဆုံးကျောင်းသားတစ်ယောက်အဖြစ်လည်း စာရင်း ဝင်နေတဲ့ ကလေးတစ်ယောက်ဖြစ် နေတာကြောင့် သားလေးအတွက် အရမ်းကိုဂုဏ်ယူတယ်။အခုချိန်မှာ သူဝါသနာပါတာကိုပဲ တစ်စိုက်မတ်မတ် လုပ်ခွင့်ပေးထားတယ်။ ဘောလုံးကစားတာ ဝါသနာပါတဲ့ အတွက် အခုဆိုရင် American Football သူဆော့နေတယ်။ ဘာကြောင့်လည်းဆိုတော့ သူဝါသနာပါတဲ့လမ်းကြောင်းပေါ်ဖြေးဖြေးချင်းလျှောက်လှမ်းနေတဲ့ အစ်မကျေနပ်တယ်။'' လို့ သူကဆိုပါတယ်။

အေးအေးခိုင်ကတော့ တစ်ကိုယ်တော်မိခင်ဖြစ်ပေမယ့် သားဖြစ်သူကို သမာအာဇီဝကျကျ လုပ်ကျွေးပျိုးထောင်ပေခဲ့သမျှ သားဖြစ်သူ ရဲ့ လိမ္မာရေးခြားရှိမှုနဲ့ ပညာရေးနဲ့ အားကစားအပေါ် ထူးချွန်မှုတွေကြောင့် အမြဲတမ်းဂုဏ်ယူ နေရတယ်လို့ ဆိုပါတယ် ။

သတင်းအရင်းမြစ် Duwun
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။