ပရိသတ်တွေကြားမှာတော့ ဇနီးကိုချစ်တတ်သူကြီး ဇနီးအပေါ် ဂရုစိုက်ကြင်နာတတ်သူကြီး လို့ နာမည်ကြီးသူကတော့ သဥ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်းပဲဖြစ်ပါတယ်။ သဥ္ဇာကိုယ်တိုင် သူမအပေါ် ခင်ပွန်းတစ်ယောက်လိုသာမက အကိုတစ်ယောက်လိုပါ သွန်သင်ပေးတတ်တယ်လို့ ပြောရလောက်တဲ့ ကိုစတီဗင်လှကတော့ မကြာခင် မွေးဖွားတော့မည့် သားလေးနဲ့ ပတ်သတ်ပြီး ယခုလိုပြောထားတာတွေ့ရပါတယ်။

"စိတ်လှုပ်ရှားနေတယ်။ ပြီးတော့ ဘယ်လိုပြောရမလည်းဆိုတော့ စဉ်းစားစရာတွေအများကြီးဖြစ်သွားတယ်။ ကလေးအတွက် ဥပမာကျွန်တော့်ညီဆိုရင်လည်း ရှေ့တစ်လကမှ ကလေးမွေးတာ တော်တော်ကြီး အသုံးအဆောင်ပစ္စည်းတွေ ကလေးအကျႌ အဝတ်အစားတွေ တစ်ခါမှ ဒီဟာတွေက ဝယ်ဖူးတဲ့ဟာ မဟုတ်တော့ ဘယ်မှာဝယ်ရမလည်း ဘယ်လိုဝယ်ရမလည်း ဒီဟာတွေအကုန်လုံးလိုက်မေးပြီး ကလေးအတွက် အကုန်လုံးလိုက်ပြီး စုံစမ်းနေရတာပေါ့" လို့ သဥ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်းက ဆိုပါတယ်။

လတ်တလောမှာတော့ ဇနီးသည်နဲ့ ကလေးကျန်းမာရေးအတွက် အထူးဂရုစိုက်နေပြီး ကလေးလေးမွေးလာရင် အဆင့်သင့်ဖြစ်အောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သားလေးအတွက်အမှတ်တရဖြစ်အောင် မွေးဖွားလာရင် မှတ်တမ်းဗီဒီယိုလေးတစ်ခု ရိုက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။