ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားပြီး ကြင်နာတတ်တဲ့ခင်ပွန်းအပြင် ချစ်စရာသမီးလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ အဆိုတော်စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းလို့ အားလုံးက သည်းသည်းလှုပ်ချစ်ခင်ကြတဲ့ ပြည်သူအသည်းကျော် အနုပညာရှင်ဆယ်လီတွေရဲ့ မျိုးဆက်သစ်ရင်သွေးလေးတွေထဲမှာ အဆိုတော်စန္ဒီမြင့်လွင်ရဲ့ ချစ်စရာသမီးလေး ခင်လင်းထင်ကလည်း အပါအဝင်ပါပဲ..။

Photo Credit - Sandy Myint Lwin's Fb Acc
Photo Credit - Sandy Myint Lwin's Fb Acc

Traesure လေးလို့ ပရိသတ်တွေအားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးချောလေး ခင်လင်းထင်ကတော့ ပါးပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ နှုတ်ခမ်းလေးထော်ထော်လေးမို့ တကယ့်ကိုချစ်စရာကောင်းလွန်းပြီး အမေတူသမီးလေးပါပဲနော်..။

ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်တဲ့ Treasure လေးကတော့ လည်လွန်းတတ်လွန်းပြီး နှုတ်ခမ်းဆူဆူလေးနဲ့ အသည်းယားလောက်အောင် အမြဲချစ်စရာကောင်းတာမို့ ပရိသတ်တွေကလည်း အမြဲစောင့်ကြည့်အားပေးကာ အခုတစ်ခါမှာ စာသင်နေတဲ့ ဗီဒီယိုဖိုင်လေးနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။

Photo Credit - Sandy Myint Lwin's Fb Acc
Photo Credit - Sandy Myint Lwin's Fb Acc

သမီးလေး Treasure လေးကို သေသေချာချာစာသင်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေး ဝေမျှလိုက်တာဖြစ်ပြီး သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကတော့ တကယ့်ကို သဘောကျစရာကောင်းလွန်းတာလည်း တွေ့ရမှာပါနော်..။

အခုတစ်ခါမှာလည်း Traesure လေးတစ်ယောက် မေမေဒီးဒီနဲ့အတူ စာသင်နေတဲ့ လှုပ်ရှားမှုလေးတွေကလည်း အသည်းယားစရာကောင်းလွန်းနေတာမို့ ပရိသတ်တွေ အားလုံးပဲ အချစ်ပိုနေကြမှာပါနော်..။

Photo Credit - Sandy Myint Lwin's Fb Acc
Photo Credit - Sandy Myint Lwin's Fb Acc

သတင်းအရင်းမြစ်: Sandy Myint Lwin's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။