ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင် ဇော်ဇော်အောင်ကလည်း အပါအဝင်ပါပဲ..။
သရုပ်ဆောင်ကောင်းတဲ့ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပရိသတ်တွေသိရှိထားတဲ့ ဇော်ဇော်အောင်ကတော့ ယနေ့အချိန်ထိ ဇာတ်ကားတွေများစွာရိုက်ကူးထားသူပဲ ဖြစ်ပါတယ်နော်..။
![](https://s9.kh1.co/71/71c24ca0b2b4e168a368742b88c9d90687d195a9.jpg)
![](https://s9.kh1.co/fb/fbcfe2f7d17b2834c08850d597da1c144e89445a.jpg)
သူ့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှတတ်တဲ့ ဇော်ဇော်အောင်တစ်ယောက် ပရိသတ်တွေမမြင်ဖူးသေးတဲ့ ကျောင်းတက်ဘွဲ့ယူခဲ့တဲ့ ငယ်ဘဝအမှတ်တရလေးတွေကို ပြသလာပါတယ်နော်..။
အမှတ်တရပုံလေးတွေနဲ့အတူ လူပျိုကြီးတစ်ယောက်အဖြစ် အိမ်ထောင်မပြုသေးတဲ့ သူ့ရဲ့အကြောင်းလေးတွေကိုလည်း အခွီလေးနဲ့စနောက်ကာ ပြောပြထားတာမို့ ပရိသတ်တွေကလည်း ပြန်လည်စနောက်ကာ သဘောကျနေကြတာပါ..။
![](https://s9.kh1.co/3a/3a99e5e2b5cbc79eba2baccee4f789e9c777f1fd.jpg)
![](https://s9.kh1.co/25/254f305e3e43564f0c97ee30e62219087530fc83.jpg)
"ပညာ စုံ ခဲ့ရဲ့သားနဲ့
ကြင်ယာက... တောက်...(၅ ခါ). ." ဆိုပြီး စနောက်ကာ သူ့ရဲ့ငယ်ဘဝအမှတ်တရပုံလေးတွေကို ဇော်ဇော်အောင်က မျှဝေထားတာ ဖြစ်ပါတယ်နော်..။
ကျောင်းတက်ဘွဲ့ယူခဲ့တဲ့ အမှတ်တရလေးတွေကို ပြန်လာ်ဝေမျှထားတဲ့ ဇော်ဇော်အောင်ရဲ့ ပုံရိပ်လေးပရိသတ်တွေ တွေ့မြင်ကြစေဖို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။
![](https://s9.kh1.co/77/774288e7e673d11bd9c3f582e0578e641cfe1c75.jpg)
![](https://s9.kh1.co/e6/e6390f4fa67baa54a111694fca5c6c676dcd2b7f.jpg)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။