ပရိသတ်ကြီးရေ....ရွှေနှစ်ရွှေလို့ ခေါ်ကြတဲ့ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံကို သိကြမယ်ထင်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာအောင်မြင်မှုရရှိထားတဲ့သူတွေဖြစ်တဲ့အပြင် သရုပ်ဆာင်ပိုင်းရော အဆိုပိုင်းမှာပါ ထူးချွန်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးတွဲပြီးလည်း အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေကြတာလည်းဖြစ်ပြီး ဇာတ်လမ်းဘက်မှာရော သီချင်းဘက်မှာပါကြိုးစားလုပ်ကိုင်နေကြတာပါနော်.....။

 photo credit-Shwe Htoo's Facebook acc
 photo credit-Shwe Htoo's Facebook acc

ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံဟာ ဝေဖန်မှုတွေကြားထဲကနေ တစ်ဦးနဲ့တစ်ဦးယုံကြည်မှုရှိစွာနဲ့ လက်တွဲနေကြတာပါ။ ရွှေမှုံဟာ ခင်ပွန်းဖြစ်သူရွှေထူးအပေါ်မှာ အမြဲလိုလိုဂရုစိုက်ပေးနေလေ့ရှိပြီး ရွှေထူးရဲ့ လိုအပ်သမျှကိုဘေးကနေကူညီအားပေး‌တတ်တဲ့ ဇနီးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်နော်။ သူတို့နှစ်ဦးလုံးဟာ တစ်ယောက်လိုအပ်ချက်တစ်ယောက်ကိုဖြည့်ဆည်းကြရင်း ကြည်နူးအားကျစရာအိမ်ထောင်လေးကို တည်ထောင်ထားကြတာလည်းဖြစ်ပါတယ်.....။

 photo credit-Shwe Htoo's Facebook acc
 photo credit-Shwe Htoo's Facebook acc

ရွှေနှစ်ရွှေရဲ့တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူနဲ့ရှေ့သွားနောက်လိုက်ညီကြတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း ရွှေထူးဟာ သူ့ရဲ့ Facebook my dayလေးမှာ အလုပ်တွေကြောင့်စိတ်ပင်ပန်းနေရတဲ့ သူ့ကိုဇနီးလေးရွှေမှုံက သောက်စရာနဲ့အဖော်ပြုပေးနေတဲ့ ပုံလေးကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 photo credit-Shwe Htoo's Facebook acc
 photo credit-Shwe Htoo's Facebook acc

သတင်းအရင်းမြစ်: Shwe Htoo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။