ပရိသတ်ကြီးရေ.. အနုပညာလောကမှာပရိသတ်တွေရဲ့ တစ်ခဲနက်အချစ်တွေကို အခိုင်အမာရရှိထားပြီး ပရဟိတအလုပ်တွေနဲ့ မွန်မြတ်တဲ့စိတ်ထားလေးတွေကြောင့် ပိုပြီးသတိထားမိလာစေတဲ့ အဆိုတော် G ကိုတော့ ပရိသတ်တွေနဲ့အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

G ကတော့ အဆိုပိုင်းမှာ ပရိသတ်အချစ်တွေကို ရရှိထားသလို လွတ်လပ်ပေါ့ပါးပြီး မကာသနကင်းတဲ့ သူမရဲ့နေထိုင်မှုပုံရိပ်လေးတွေကလည်း တကယ်ကို သဘောကျစရာကောင်းပါတယ်နော်..။

Photo Credit - G Vocals's Fb Page
Photo Credit - Amazing Grace
Photo Credit - G Vocals's Fb Page

ပရဟိတအလုပ်တွေကို တက်အားသရွေ့လုပ်ဆောင်နေတဲ့ G ကတော့ အခုတစ်ခါမှာလည်း လူနာတင်ကား ကိုယ်တိုင်မောင်းပြီး စေတနာ့ဝန်ထမ်းလုပ်ဆောင်နေတဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။

PPE ဝတ်စုံဝတ်ကာ လူနာတင်ကားကိုယ်တိုင်မောင်းပြီး စေတနာဝန်ထမ်းလုပ်နေတဲ့ G ရဲ့ ချီးကျူးစရာ ပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို ချီးကျူးသဘောကျစေမှာပါနော်..။

Photo Credit - G Vocals's Fb Page
Photo Credit - G Vocals's Fb Page
Photo Credit - G Vocals's Fb Page
Photo Credit - G Vocals's Fb Page

"အခုတလော လမ်းကြောင်းတွေ လုထွက်နေရတယ်.." ဆိုပြီး စေတနာဝန်ထမ်းလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ချီးကျူးစကားလေးတွေ ဆိုထားကြပါတယ်နော်..။

ချစ်စရာကောင်းသလို စိတ်ထားလေးလည်း မွန်မြတ်တဲ့ G ရဲ့ စေတနာဝန်ထမ်းအဖြစ် လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - G Vocals's Fb Page
Photo Credit - G Vocals's Fb Page
Photo Credit - G Vocals's Fb Page
Photo Credit - G Vocals's Fb Page

သတင်းအရင်းမြစ်:

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။