မခိုင်လေးလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ အရမ်းကိုလူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ မခိုင်လေးက စကားပြောတဲ့နေရာမှာ ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ဆောင်မှုမရှိဘဲ ပြောဆိုတတ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရတာ ဖြစ်ပါတယ် ။ နှစ်ပေါင်းများစွာကြာအောင် နာမည်ကောင်းသတင်းနဲ့ ကျော်ကြားလာခဲ့တဲ့ မခိုင်လေးက အခုချိန်အထိ အခိုင်အမာရပ်တည်နေဆဲ ဖြစ်ပါတယ် ။

Photo Credit-San Htate Htar Oo's FB Acc
Photo Credit-KHINE THIN KYI's FB Page

မခိုင်လေးက ကလေးတစ်ယောက်အမေဖြစ်ပေမယ့်လည်း လူငယ်လေးတွေနဲ့အပြိုင် အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ် ။ မခိုင်လေးက ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ရင်း ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ မခိုင်လေးတို့မိသားစုသုံးယောက်က ကားတစ်စီးနဲ့အပြင်ထွက်ပြီး ပံ့သကူလိုက်ပစ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-KHINE THIN KYI's FB Page
Photo Credit-San Htate Htar Oo's FB Acc
Photo Credit-KHINE THIN KYI's FB Page
Photo Credit-KHINE THIN KYI's FB Page

မခိုင်လေးက "ဒီနေ့ပံ့သကူပစ်တာ ပျော်စရာကြီး" ဆိုပြီးပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ မခိုင်လေးတို့မိသားစုကတော့ပံ့သကူရတဲ့သူတွေပျော်ရအောင် ပိုက်ဆံငါးထောင်တန်တွေကို ပန်းလေးတွေနဲ့ပါ သေသေချာချာ အလှဆင်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ကဲ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ပျော်ပျော်ပါးပါး ပံ့သကူပစ်ထွက်ခဲ့ကြတဲ့ မခိုင်လေးတို့မိသားစုရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-KHINE THIN KYI's FB Page

Photo Credit-KHINE THIN KYI's FB Page
Photo Credit-KHINE THIN KYI's FB Page
Photo Credit-KHINE THIN KYI's FB Page
Photo Credit-KHINE THIN KYI's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။