y soxer လို့ အများကသိကြတဲ့ အဆိုတော် ထက်ထက်အောင်ကတော့ တေးသီချင်းများကို စတင်သီဆိုပြီး အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Rap တွေကိုလည်း ကြွေသွားလောက်အောင်ရွတ်နိုင်ပြီး သူမရဲ့သံစဉ်တွေဟာလည်း ပရိသတ်တွေကြားမှာ အမြဲလိုလို ရေပန်းစားခဲ့ပါတယ်။

Photo Credit : Htet Htet Aung Facebook Account
Photo Credit : Htet Htet Aung Facebook Account

သေးသေးသွယ်သွယ်လေးနဲ့ ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်သူလေးလည်းဖြစ်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရတာလည်းဖြစ်ပါတယ် ။ဒ့ါအပြင်အချစ်ရေးမှာလည်း Rs သက်တမ်းက ကြာမြင့်နေပြီဖြစ်လို့ အများကအားကျနေရတဲ့ ချစ်စရာ စုံတွဲလေးဆိုလည်း မမှားပါဘူးနော်။

Photo Credit : Htet Htet Aung Facebook Account
Photo Credit : Htet Htet Aung Facebook Account

သူမရဲ့အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေအပြင်အလှပုံလေးတွေနဲ့ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ ချစ်ရတဲ့အစ်ကိုဖြစ်သူရဲ့ မွေးနေ့လေးကို သူတို့မောင်နှမနှစ်ယောက်ရဲ့ငယ်ငယ်ကပုံလေးတွေနဲ့ဆုတောင်းပေးထားတာတွေ့ရပြီး ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Photo Credit : Htet Htet Aung Facebook Account
Photo Credit : Htet Htet Aung Facebook Account

source & Photo Credit : Htet Htet Aung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။