ပရိသတ်ကြီးရေ အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ ကလေးနှစ်ယောက်အမေဖြစ်တဲ့ထိတောင် လှပနုပျိုနေဆဲဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က မင်းသားချောပြေတီဦးနဲ့ဖူးစာပါပြီး နှစ်ယောက်တစ်ဘဝတည်ဆောက်လိုက်ကာ ပျော်ရွှင်အေးချမ်းနေတာပဲဖြစ်ပါတယ်နော်။အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့က အနုပညာကြေးအမြင့်ဆုံး မင်းသား၊မင်းသမီးတွေဖြစ်ကြပြီး ချစ်ခင်အားပေးကြတဲ့ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page

အိန္ဒြာကျော်ဇင်က မိသားစုကိုလည်း အချိန်ပေးပြီး ဂရုစိုက်တာကြောင့် သားနဲ့သမီးကို အမြဲကျောင်းပို့ပေးတာဖြစ်ပါတယ်။အခုလိုကိုဗစ်ကာလမှာဆိုရင် အူဝဲတို့ဇနီးမောင်နှံလည်း အနုပညာအလုပ်တွေကို နားထားရတာကြောင့် အိမ်မှာပဲ အေးအေးချမ်းချမ်း အနားယူနေကြတာပါနော်။အူဝဲကတော့ ပန်းချီလေးတွေလည်းဆွဲပြီး ယောဂလည်းနေ့စဉ်မပျက်လုပ်တာကြောင့် သာယာလှပတဲ့ဘဝလေးမှာ ပျော်မွေ့နေတာဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page

အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာဆိုရင် ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က Europeကနေ တစ်ဦးတည်းကိုယ်စားလှယ်တင်သွင်းထားတဲ့ "The Bridge"အိတ်တွေကို မြန်မာနိုင်ငံမှာ ဆိုင်အကြီးကြီးဖွင့်ထားတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ အူဝဲက ဆိုင်ကိုသွားပြီး ကိုယ်တိုင်ကြီးကြပ်နေတဲ့ပုံရိပ်လေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page
Photo Credit:Eaindra Kyaw Zin's Facebook page

Source&Photo Credit:Eaindra Kyaw Zin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။