မင်းသမီးချောလေး ဖွေးဖွေးကိုတော့ ပရိသတ်တွေအားလုံးက ဖွေးစိန်လေးလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ် ။ ဖွေးစိန်လေးဟာဆိုရင် မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်လေးလည်း ဖြစ်ပါတယ် ။ မသိသူမရှိလောက်အောင် ထွန်းတောက်အောင်မြင်နေတဲ့ ဖွေးစိန်လေးက မာန်မာနကင်းပြီး အရမ်းကိုဖြူစင်တဲ့ ပရိသတ်အချစ်တော်လေးပါပဲနော်။



ဖွေးစိန်လေးရဲ့ဟန်ဆောင်မှုကင်းတဲ့အမူအရာလေးတွေ၊ အပြောအဆိုတွေက ပရိသတ်တွေကို အချစ်ပိုစေနိုင်တာလည်း ဖြစ်ပါတယ် ။ ဖွေးစိန်လေးက လွတ်လပ်ပေါ့ပါးတဲ့ လူငယ်စတိုင်လ်လေးနဲ့ အမြဲတမ်း ပျော်ပျော်နေတတ်တာပဲ ဖြစ်ပါတယ် ။ အခုလည်း ဖွေးစိန်လေးက သူမချစ်ခင်ရတဲ့သူငယ်ချင်းတွေနဲ့အတူ Staycation လုပ်ပြီး ပျော်ပျော်ပါးပါး အနားယူနေတာပဲ ဖြစ်ပါတယ် ။



ဖွေးစိန်လေးနဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်တို့သူငယ်ချင်းတစ်စုကတော့ အားလပ်ရက်လေးမှာ လူစုံတက်စုံနဲ့ တပျော်တပါးကြီး အပန်းဖြေနေတာ ဖြစ်ပါတယ် ။ ချစ်ဖို့ကောင်းတဲ့ဖွေးစိန်လေးကတော့ ရေကစားရင်း ကလေးလေးလိုပျော်နေတာလည်း ဖြစ်ပါတယ် ။ ဖြူဖွေးလှပတဲ့အသားအရေပိုင်ရှင်လေး ဖွေးစိန်လေးက ရေကူးဝတ်စုံလန်းလန်းလေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောဖွေးစိန်ရဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Phway Phway's FB Page & Pwint Theingi Zaw's FB Story


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။