ပရိသတ်ကြီးရေ.....သွက်လက်တဲ့အမူအရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ Mrtv-4ရဲ့မင်းသမီးချောလေးသံသာမိုးသိမ့်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရွှေကြိုမယ် တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တာပါ။ နောက်ပိုင်းမှာတော့ ရုပ်သံ ဇာတ်လမ်းတွဲများမှာပါ၀င်သရုပ်ဆောင်လာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။


သူမဟာ ကျရာဇာတ်ရုပ်ကိုအပီအပြင်သရုပ်ဆောင်နိုင်တာကြောင့် အနုပညာအရည်အချင်းပြည့်၀တဲ့သူလေးလို့ အများက သတ်မှတ်တာကိုလည်း တွေ့ရပါတယ်။ သံသာက လက်ရှိမှာတော့ ကြော်ငြာတွေနဲ့ Photo shooting တွေသာ လက်ခံရိုက်ကူးပေးနေတာပါ။ သူမရဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတဲ့ သူမက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။


ဒါကတော့ အမိုက်စား ဆိုင်ကယ်ကြီးထက်မှာ ပိုစ့်မျိုးစုံပေးရင်း အထာကျနေတာတဲ့ ပုံတွေပါ။ ခပ်မိုက်မိုက် ဖက်ရှင်နဲ့ အရမ်းကို ထိမိလွန်းနေတဲ့ သရုပ်ဆောင် မင်းသမီးချော သံသာမိုးသိမ့်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ...ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်......။


Source & Photo credit - Than Thar Moe Theint's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။