ပရိသတ်ကြီးရေ.. လိုက်ဖက်ညီတဲ့ သရုပ်ဆောင်ဟန်ပန်လေးတွေကြောင့် အနုပညာလောကမှာ ပရိသတ်အချစ်တွေ အခိုင်အမာရရှိထားကြသူတွေကတော့ မင်းသားချောလေးမင်းဘုန်းမြတ်နဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်တို့ပဲ ဖြစ်ပါတယ်နော်..။
သရုပ်ဆောင်ကောင်းကြပြီး အတွဲညီညီနဲ့ ချစ်စရာကောင်းကြတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ MRTV-4 ဇာတ်ကားဖြစ်တဲ့ "မာယာလှည့်ကွက်"ဇာတ်ကားမှာလည်း မောင်နဲ့မုန်းအဖြစ် ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်..။
"မာယာလှည့်ကွက်"ဇာတ်ကားပြီးတဲ့ နောက်ပိုင်းလွမ်းနေကြမယ့် ချစ်ပရိသတ်တွေအတွက် နှစ်ယောက်အတူဆုံတဲ့အခါတိုင်း ဓာတ်ပုံလေးတွေအပြင် Tik Tok လေးတွေလည်း ဆော့ကစားတတ်ကြပါတယ်နော်..။
ပရိသတ်အချစ်တော်လေးနှစ်ယောက်ကတော့ အခုတစ်ခါမှာလည်း အတိုင်အဖောက်ညီညီဆော့ကစားထားတဲ့ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလာပါတယ်နော်..။
အချစ်ကို အလုံးစုံမယုံကြည်ရဲသေးတဲ့ ချစ်ရသူလေးကို ယုံကြည်လက်ခံပေးဖို့ ချစ်ရေးဆိုနေတဲ့ ဟန်ပန်လေးတွေနဲ့ သရုပ်ဖော်ကာ Tik Tok ဆော့ကစားထားကြတာပဲ ဖြစ်ပါတယ်နော်..။
ချစ်စရာကောင်းလွန်းပြီး အတွဲညီကြတဲ့ မင်းဘုန်းမြတ်နဲ့ ပိုးကြာဖြူခင်တို့ နှစ်ယောက်ရဲ့ Tik Tok လေးတွေကို တင်ဆက်ပေးလိုက်တာမို့ အလွမ်းလေးတွေ ပြေကြမယ်လို့ မျှော်လင့်ပါတယ်နော်..။
@sengmei ♬ original sound - June Wine
Source & Photo Credit - Poe Kyar Phyu khin's Tik Tok Acc & Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။