အိချောပိုရဲ ့မဟာဆန်တဲ့ အလှပုံရိပ်များ
ပရိသတ်ချစ်တဲ့ စူစူ ခေါ် အိချောပို ဟာ ပြင်ဦးလွင်မှာ ရိုက်ကူးနေတဲ့ မှည့်နေပြီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မဟာဆန်ဆန်လေးဝတ်ဆင်ပြီး ပါဝင်သရုပ်ဆောင်
နေပါတယ်။ စူစူဟာ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်လှပတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တာကြောင့် အခုလို မြန်မာဆန်ဆန်ဝတ်စားဆင်ယင်တဲ့အခါမှာ အရမ်းကို ကျက်သရေရှိရှိလှပနေတာပဲဖြစ်ပါတယ်။
 
                        
                     
                        
                     
                        
                    စူစူ ပါဝင်ရိုက်ကူးနေတဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ သက်နေထွန်းက ပုံဖေါ်သွားမှာဖြစ်ပါတယ်။ နယူးကြောင်ကမ္ဘာ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် ဒီဇာတ်ကားရဲ ့ဇာတ်လမ်းနဲ ့ဇာတ်ညွှန်းကတော့ လှဝင်း (အေဝမ်း) ဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ ့ အကယ်ဒမီခန် ့စည်သူ၊ ကျော်ကျော်ဗို၊ နေဒွေး၊ နေမျိုးအောင်၊ အိချောပို၊ ရတနာဗို နဲ ့အခြားအနုပညာရှင်များစွာ ပါဝင်ကြပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ပရိသတ်အတွက်
အကောင်းဆုံးကြိုးစားနေပါတယ်ဆိုတဲ့ စူစူရဲ ့အေးချမ်းတဲ့အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးက အခုလိုပဲတွေ ့မြင်နိုင်ပါတယ်။
 
                        
                     
                        
                     
                        
                    သတင်းအရင်းမြစ် Ei Chaw Po
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              