ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ယနေ့ချိန်အထိကို နုပျိုလှပနေဆဲဖြစ်ပြီး အနုပညာအလုပ်တွေကို တတ်အားသရွေ့လုပ်နေတာလည်း ဖြစ်ပါတယ်။ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စွာ နေထိုင်လျက်ရှိနေပြီး ချစ်စရာကောင်းတဲ့ မြေးမလေးတွေကိုပါ အနုပညာအမွေတွေကို အပြည့်အဝ ပေးထားတာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ ခင်ပွန်းဖြစ်သူကိုလည်း သတိရလွမ်းဆွတ်တမ်းတနေကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အမြဲရေးသားနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခင်ပွန်းဖြစ်သူအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေကြောင်းကိုလည်း အခုလိုပဲ ဝေမျှထားတာပါ။
" သတိရ လွမ်းဆွတ် တမ်းတ ။မေ့မရနိုင်တဲ့ ၂၃ ရက်နေ့။
ဒယ်ဒီခွဲခွာ သွားတာ တစ်နှစ် နဲ့ လေးလ ပြည့်ခဲ့ပြန်ပြီပေါ့။
နေ့စဉ် လစဉ် ဒယ်ဒီအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ဆဲပါ။
တန်ဆောင်မုန်းလ မြတ်စွာဘုရားရှင် နှင့်သံဃာတော် များကိုရည်စူးပြီး
ကထိန်သင်္ကန်း ၊ ပရိတ်က္ခရာရှစ်ပါးစုံလင်စွာနဲ့ လှူဒါန်းပြီး ။
ဒယ်ဒီ နဲ့တကွ ၃၁ကျင်လည်ကြကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်း
တို့အား အမျှပေးဝေပါတယ်။
ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ပြီး မြင့်မြတ်တဲ့ ဘုံဘဝ မှာ စံမြန်းနိုင်ပါစေ။
ကျန်ရစ်သူကတော့ ဆက်၍ လွမ်းနေရအုံးမှာပါ။ " ဆိုပြီး ရေးသားထားတာဖြစ်လို့ တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Wa Wa Win Shwe’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။