အဆိုတော်မလေး အိမ့်ချစ်ကတော့ ဂီတအမျိုးအစား အစုံအလင်ကို ပိုင်နိုင်စွာ သီဆိုတတ်သူလေး ဖြစ်ပါတယ် ။ အဆိုတော် ချစ်ကောင်းရဲ့သမီးလေးဖြစ်တဲ့ အိမ့်ချစ်က အဖေ့ခြေရာကိုအမှီလိုက်နိုင်ပြီး ဂီတလောကမှာအောင်မြင်မှုတွေရအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ သူများတွေနဲ့မတူဘဲ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ အိမ့်ချစ်ရဲ့သီချင်းတွေကလည်း နားဆင်သူပရိသတ်တွေရဲ့ရင်ထဲထိရောက်စေနိုင်တာပဲ ဖြစ်ပါတယ် ။

Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit Vocalist's IG Acc

အိမ့်ချစ်က သူမအရမ်းကို ချစ်ရတဲ့ချစ်သူနဲ့လက်ထပ်ပြီး အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ့်ချစ်က မြန်မာပြည်မှာမိခင်နဲ့အတူ နေထိုင်နေတာဖြစ်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူကတော့ အလုပ်ကိစ္စနဲ့ ဘန်ကောက်မှာခဏသွားနေနေရတာ ဖြစ်ပါတယ် ။ အနေဝေးပေမယ့်လည်း အချစ်တွေမဝေးတဲ့ အိမ့်ချစ်တို့စုံတွဲလေးက ယုံကြည်မှုတွေကိုယ်စီပေးထားပြီး Video Call လေးနဲ့ အလွမ်းသယ်နေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Eint Chit Vocalist's IG Acc
Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit Vocalist's IG Acc

အခုတော့ အိမ့်ချစ်က တစ်ခါတလေမှာခင်ပွန်းဖြစ်သူကို မုန်းမိကြောင်းပြောပြီးရစ်နေတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အိမ့်ချစ်ရဲ့ခင်ပွန်းက ရန်တွေဖြစ်နေတဲ့အချိန်ပါမကျန် သူမကိုအချိန်တိုင်း ချစ်မြတ်နိုးရပါကြောင်းပြောပြီး အပီချုပ်လိုက်တာ ဖြစ်ပါတယ် ။ အိမ့်ချစ်ကတော့ သူမကိုတန်ဖိုးထားချစ်ပေးတဲ့ခင်ပွန်းသည်ရဲ့စကားလုံးလေးတွေကြောင့် အချစ်တွေတိုးကာ အရည်ပျော်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိမ့်ချစ်တို့စုံတွဲရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Eint Chit's FB Story

Photo Credit-Eint Chit Vocalist's IG Acc
Photo Credit-Eint Chit Vocalist's IG Acc
Photo Credit-Eint Chit's FB Story
Photo Credit-Eint Chit Vocalist's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။