အဆိုတော် ဗီဗာဟိန်းကတော့ ဟိုးအရင်ကတည်းက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး ပရိသတ်ရင်ထဲ နေရာတစ်ခု အခိုင်အမာစိုက်ထူနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။ သူမတူတဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းပေါင်းများစွာကို ပရိသတ်ရင်ထဲရောက်အောင် သီဆိုနိုင်ခဲ့တဲ့ သူမက ယခုလက်ရှိမှာတော့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာပဲ ဖြစ်ပါတယ်။
စကားပြောဆိုပွင့်လင်းပြီး မာန်မာနမရှိတဲ့ သူမက အင်တာဗျူးတွေမှာ အရှိကို အရှိတိုင်း ဖြေဆိုတတ်သူမို့ လူကြီး၊ လူငယ်မရွေးပရိသတ်တွေက အချစ်ပိုနေတာပါ။ ဒါ့အပြင် ဗီဗာဟိန်းက မိဘအပေါ်ကိုလည်း သိတတ်ပြီး လုပ်ကျွေးပြုစုသူဖြစ်လို့ သူမရဲ့ စိတ်ဓာတ်လေးက တကယ်ကို လေးစားစရာကောင်းပါတယ်။ အနုပညာအလုပ်တွေ နည်းပါးနေတာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်ထက်မှာ လှုပ်ရှားမှုလေးတွေကို မျှဝေလေ့ရှိတာကို တွေ့ရပါတယ်။
ဗီဗာဟိန်းက ယနေ့မှာလည်း သူမရဲ့ Tiktok အကောင့်ထက်မှာ တီးလုံးလေးအတိုင်း စည်းချက်ညီညီ ကပြထားတဲ့ အမိုက်စား ဗီဒီယိုလေးတစ်ခုကို တင်ပေးလာပြန်ပါတယ်။ အနက်ရောင် ဂါဝန်လေးနဲ့ ကိုယ်လုံးလေးကို ပေါ့ပါးသွက်လပ်စွာ လှုပ်ရမ်းရင်း ကပြထားတဲ့ ဗီဗာဟိန်းရဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်......။
Source & Photo credit - ဗီ ဗာ ဟိန်း 's Facebook Account
@ဗီဗာဟိန်း Shower - Becky G
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။