ပရိသတ်ကြီးရေ.. စိုးညီအစ်မတွေလို့ ပရိသတ်တွေအားလုံးက ချစ်စနိုးခေါ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ကတော့ အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီအခိုင်အမာနဲ့ အောင်မြင်နေကြသူတွေပါပဲ..။
မကြီးစိုးနဲ့ ဒါဒါတို့ကတော့ ဆယ်စုနှစ်တွေများစွာကတည်းက အနုပညာအလုပ်တွေလုပ်ဆောင်လာခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတာလည်း တွေ့ရပါတယ်နော်..။
မိသားစုအမှတ်တရလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ မကြီးစိုးနဲ့ ဒါဒါတို့ရဲ့ မိခင်ဖြစ်သူ ဒေါ်စိုးကြည်ဖြူကတော့ အခုတစ်ခါမှာလည်း ဒါဒါရဲ့ငယ်ဘဝ မင်းသမီးစလုပ်ခဲ့တဲ့ အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။
အစ်မဖြစ်သူစိုးမြတ်သူဇာနဲ့မတူတဲ့ အိုင်တင်တွေနဲ့ အနုပညာစလုပ်ခဲ့တဲ့ စိုးမြတ်နန္ဒာရဲ့ ငယ်ဘဝလေးကိုပြောပြရင်း အမှတ်တရပုံရိပ်လေးတွေကိုလည်း ဝေမျှထားပါသေးတယ်နော်..။
"သမီးငယ်က သမီးကြီး အမေရိကန်မှာ
ငါးနှစ်နေချိန်မှာ မော်ဒယ်လ်ဂဲဘဝကနေ
ရုပ်ရှင်မင်းသမီးဖြစ်လာခဲ့တယ်။
အစ်မနဲ့မတူတဲ့ အိုက်တင်တွေနဲ့
လမ်းတလမ်းဖေါက်ခဲ့တယ်။
ဒီသမီးနောက်မှာလည်း ကိုယ်တကောက်ကောက်
ပဲပေါ့လေ.." ဆိုပြီး ဒါဒါရဲ့ငယ်ဘဝအမှတ်တရလေးတွေကို သူမရဲ့မိခင်က ပြောပြထားတာပါ..။
အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ဒါဒါ့ကို ငယ်ငယ်လေးကတည်းက အခုချိန်အထိ အားပေးချစ်ခင်ကြတဲ့အကြောင်းလေးတွေလည်း ရေးသားမှတ်ချက်ပေးထားကြတာ တွေ့ရပါတယ်နော်..။
Source & Photo Credit - Soe Kyi Phyu's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။