ပရိသတ်ကြီးရေ......ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာတိုင်းရင်းသူလေးဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ သူမဟာ အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်သာလုပ်ခဲ့ပေမယ့် ပရိတ်သတ်တွေကသူမကိုသတိထားမိပြီး ချစ်ခင်အားပေးခဲ့ကြတာပါ။ မြတ်ရတနာကျော်ဟာ music videoတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်ခါတက္ကသိုလ်ဆိုတဲ့ သီချင်းလေးမှာ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့တာပါ။


မြတ်ရတနာကျော်ဟာ အခုလက်ရှိမှာဆိုရင် အာဘွိုင်းနဲ့အတူသာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်ချစ်စရာကောင်းတဲ့သမီးလေး Scarlett Phyo Tunလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးဟာလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ အသည်းယားစရာလေးပါ။ မြတ်ဟာ အခုလက်ရှိမှာဆိုရင်လည်း Live salesတွေလုပ်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို ရရှိနေဝာာလည်းဖြစ်ပါတယ်။


မြတ်ရတနာကျော်ဟာ ဓာတ်ပုံလှလှလေးတွေလည်းရိုက်ရတာဝါသနာပါတဲ့သူလေးဖြစ်ပြီး မကြာခဏဆိုသလိုလည်း ပုံလေးတွေတင်ပေးတတ်ပါတယ်။ မကြာသေးမီကလည်း မြတ်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "မြန်မာ ဆန်ဆန် ဝတ်စားဆင်ယင်သည်" ဆိုတဲ့ captionလေးနဲ့ ချစ်စရာပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source& photo credit-Myat Yadanar Kyaw's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။