ပရိသတ်ကြီးရေ......ဝါရင့်မင်းသမီးချောဖြစ်တဲ့ စိုးမြတ်သူဇာကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုအကြာရပ်တည်ထားနိုင်ပြီး အကယ်ဒမီဆုတွေများစွာကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတာလည်းဖြစ်သလို ဝါသနာပါတဲ့ Mobile Legendဂိမ်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ဆော့ကစားနေတာလည်း တွေ့ရပါတယ်.....။

photo credit-Burmese Ghouls's Facebook page
photo credit-Burmese Ghouls's Facebook page

အခုဆိုရင်လည်း မကြီးစိုးဟာ နိုင်ငံ့ကိုယ်စားပြု Esportsအဖွဲ့ဖြစ်တဲ့ BURMESE GHOULSအဖွဲ့က အသင်းသားတွေနဲ့တွေ့ဆုံပြီး ဂိမ်းတွေအတူဆော့ရင်း BGအသင်းသားတွေရဲ့ လက်မှတ်ရေးထိုးထားတဲ့ အင်္ကျီလေးပါရခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း BURMESE GHOULSအဖွဲ့ဟာ သူတို့ရဲ့ Facebook pageလေးမှာ ဒီအကြောင်းအရာလေးကို ရေးသားမျှဝေထားတာလည်းဖြစ်ပါတယ်။

photo credit-Burmese Ghouls's Facebook page

အာ့တာကတော့ "Hello, Ghouls တို့အတွက် ဒီနေ့ အန်တီစိုးမြတ်သူဇာ ( မကြီးစိုး) နဲ့ တွေ့ဆုံခွင့်ရတုန်းလေး အမှတ်တရ ဓာတ်ပုံ အချို့ကို Ghouls တို့အတွက်ပြန်လည် ဝေမျှလိုက်ရပါတယ်အခုလိုမအားတဲ့ကြားက ကျွန်တော်တို့ Burmese Ghouls အသင်းကို တွေ့ဆုံပြီး ဂိမ်းတွေကစား စကားတွေအများကြီး ပြောပေးသွားခဲ့တဲ့တီစိုးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ဗျ ...." ဆိုပြီးရေးသားမျှဝေထားပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

photo credit-Burmese Ghouls's Facebook page
photo credit-Burmese Ghouls's Facebook page

Source& photo credit-Burmese Ghouls's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။