ပရိသတ်ကြီးရေ.....ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာ ရပ်တည်နေပြီး သီချင်းကောင်းလေးတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုနေတဲ့ အဆိုတော်ယုန်လေးကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်နေတာလည်းဖြစ်သလို အောင်မြင်တဲ့ အက်ရှင်ရှပ်ရှင်ကားကြီးတွေကိုလည်း ရိုက်ကူးတဲ့သူတစ်ယောက်ပါ.....။
 
                        
                     
                        
                    ယုန်လေးဟာ အလှူဒါနတွေကိုလည်း တတ်နိုင်သရွေ့ အားတက်သရောလုပ်ဆောင်နေတဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့သူလည်းဖြစ်ပါတယ်။ မာန်မာနမရှိတဲ့ယုန်လေးဟာ မင်းသားချောမြင့်မြတ်၊ ထူးခြား၊ Kညီတို့နဲ့လည်း ညီအစ်ကိုအရင်းတွေလို ချစ်ခင်ရင်းနှီးကြတဲ့သူတွေလည်း ဖြစ်ပါတယ်နော်.....။
 
                        
                     
                        
                    မကြာသေးမီကလည်း ယုန်လေးဟာ ညီအစ်ကိုအရင်းတွေလိုချစ်ရတဲ့ မြင့်မြတ်တို့မိသားစုလေးနဲ့အတူ ပျော်ပျော်ပါးပါးရေကူးကန်လေးထဲမှာ ရေကစားနေတာဖြစ်ပြီး ကြည်နူးစရာအမှတ်တရပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
 
                        
                     
                        
                    Source& photo credit-Yone Lay's Facebook page/Myat Thu's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              