ပရိသတ်ကြီးရေ မြင်သူတိုင်းချစ်အားပိုလောက်မယ့် မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူကတော့ မင်းသမီးချောလေး ပိုးမမှီသာ ပဲဖြစ်ပါတယ်။ ပိုးမမှီသာ လေးကတော့ အနုပညာနယ်ပယ်ထဲမှာ ရောက်ရှိလာတဲ့ မကြာသေးပေမယ့် သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးမမှီသာ က ကြော်ငြာတွေများစွာအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပါဝင်သရုပ်ဆောင် လာတာကို တွေ့ရပါတယ်။



သူမက အနုပညာမှာလည်း အောင်မြင်လာခဲ့သလို ပြည်သူတွေအလေးထားရတဲ့ ဆရာဝန်မလေးတစ်ယောက်အနေနဲ့လည်း လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ အမြဲပြုံးပျော်ရွှင်နေပြီး ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို သဘောကျကြိုက်နှစ်သက်တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာပုံလေးတွေ အမြဲဖော်ပြပေးတဲ့ ပိုးမမှီသာ က ယခုမှာလည်း လွမ်းနေတဲ့ ပရိသတ်တွေအတွက် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ် ။


ဒီပုံလေးတွေထဲမှာတော့ ပိုးမမှီသာ က လွတ်လပ်ပေါ့ပါးတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အသည်းယားစရာ အမူအရာလေးတွေနဲ့ ပို့စ်ပေးနေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ပိုးမမှီသာ က " မေ့သွားမှာဆိုးလို့မျက်နှာလာပြတာ " ဆိုပြီး ရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးလည်း ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ဖမ်းစားထားတဲ့ ပိုးမမှီသာ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Photo Credit - Poe Mamhe Thar fb account
Source - Poe Mamhe Thar fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။