ပရိသတ်ကြီးရေ မြန်မာသံစဥ်တေးသီချင်းတွေနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ တေးသံရှင်ကတော့ ပန်းအိဖြူ ပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပန်းအိဖြူ က အနုပညာအလုပ်တွေကို အနည်းငယ်မျှသာ လုပ်ကိုင်နေပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ သူမက မြန်မာဆန်ဆန် ဝတ်စုံလေးတွေကိုပဲ ဝတ်ဆင်တတ်ပြီး ဆံနွယ်ရှည်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ သူပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ပန်းအိဖြူဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာ သားလေးတစ်ယောက်ကို မွေးထားခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေက သူမ သားလေးကို ချစ်အားပိုအောင်လည်း သားလေးရဲ့ ပုံရိပ်လေးတွေကို ပန်းအိဖြူ က ဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်လည်း ပန်းအိဖြူက သူမ သားလေးရဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ သားလေးက မျက်နှာဝိုင်းလေးနဲ့ လျှောက်ကြည့်တတ်နေပြီး ဖေဖေမေမေတွေအသည်းယားအောင် ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မေမေပန်းအိဖြူက " မေမေ့အသည်းနှလုံး သားသားရဲ့အပြုံး... မေမေ့အတွက်တော့ ချစ်စရာအကောင်းဆုံး... " ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း အဆိုတော် ပန်းအိဖြူရဲ့ သားလေးကို ဝိုင်းချစ်ပေးပါဦးနော်။
Photo Credit - Pann Ei Phyu Vocalist fb account
Source - Pann Ei Phyu Vocalist fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။