အမိုက်စားသီချင်းများစွာကို ကိုယ်တိုင်ဖန်တီးရေးသား သီဆိုသူကတော့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်။ သူမကတော့ ဆယ်စုနှစ်တိုင်အောင် ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ လျှောက်လှမ်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းဟောင်းလေးတွေဟာလည်း ယနေ့ထိတိုင် ပရိသတ်တွေကြားမှာ နားထောင်ကောင်းတဲ့ သီချင်းတွေအဖြစ် ကြားနေရဆဲပါပဲနော်။


သူမဟာ အနုပညာမျိုးရိုးမရှိဘဲ ကိုယ့်ဒူးကိုယ်ချွန်ဘဝဖြင့် အောင်မြင်လာတာကြောင့်လည်း ပရိသတ်တွေအားလုံးက ချီးကျူးနေရတာပါ။ သူမရဲ့ သီချင်းသီဆိုဖျော်ဖြေတဲ့ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေထံ မကြာခဏ ဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အားလပ်ချိန်များမှာလည်း ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ အမြဲခုပ်လေ့ရှိတာပါ။


မနေ့ညကလည်း ပိုပိုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချွေးတွေရွှဲစိုနေတာတောင် အလှမပျက်သွားဘဲ စွဲမက်ဖွယ်ကောင်းလွန်းနေတဲ့ ပိုပိုရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမကလည်း "
Work Out
အဆီ ခေါက်လေးတွေကတော့ ချစ်လို့ ထားထားတာ “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ပိုပို့ရဲ့ ပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd- Po Po’s Facebook Account



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။