ပရိသတ်ကြီးရေ မင်းသမီး ရတနာခင်ကတော့ တစ်ခေတ်တခါက အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိလာတဲ့ သူပဲဖြစ်ပါတယ်။ ရတနာခင်က ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေကို များစွာရိုက်ကူးထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက အနုပညာအလုပ်တွေကို အရင်လို လုပ်ကိုင်နေတာ မတွေ့ရတော့ပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုသာ အဓိကထားပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရတနာခင်က သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာ သားလေးသုံးယောက်ကိုလည်း မွေးထားပါတယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် မိသားစုလေးရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြပေးပါတယ်။ ယခုမှာတော့ သူမရဲ့ သားထွေးလေးရဲ့ မွေးနေ့ကို ကျင်းပခဲ့တဲ့ ပုံလေးတွေကို ဖော်ပြလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ သားထွေးလေးရဲ့ မွေးနေ့လေးကို မိသားစုတွေ ပျော်ပျော်ပါးပါး နဲ့ ကျင်းပပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ရတနာခင်က "Happy Birthday Kaung Sett Oo မေမေ့သားထွေးလေး ဘဝမှာ ကံကောင်းခြင်းတွေနဲ့ဘဲကြုံပါစေ သူတော်ကောင်း စိတ်ကောင်း ရှိသူတွေ နဲ့သာဆုံတွေ့ပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့သားလိမ္မာလေးဖြစ်ပါစေ " ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ရတနာခင် တို့ရဲ့ ပျော်ရွှင်စရာမိသားစုလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
Photo Credit - Yadanar Khin fb account
Source - Yadanar Khin fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။