ပရိသတ်ကြီးရေ မင်းသား နေထူးနိုင်ကတော့ လူကြီး ၊ လူငယ်မရွေး အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ နေထူးနိုင်က အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့အပြင် အလှူအတန်းတွေကိုလည်း ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။
နေထူးနိုင်က ဇနီးချောလေးဖြစ်တဲ့ မြသင်းခြယ်နဲ့ အတူ သားလေးနှစ်ယောက်ကိုလည်း မွေးထားပြီး ကြည်နူးစရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ နေထူးနိုင်ရဲ့ ဇာတ်ကားတော်တော်များများမှာတွေ့ရတဲ့ သရုပ်ဆောင် ဂျာရစ် ဟာ နိုဝင်ဘာလ ၇ ရက်နေ့က အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကို ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။
ဒီကနေ့မှာတော့ နေထူးနိုင်က သူ့ရဲ့ အနုပညာညီအစ်ကိုဖြစ်တဲ့ သရုပ်ဆောင် ဂျာရစ်အတွက် ရည်စူးပြီး ရက်လည်ဆွမ်းသွတ်တရားနာ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဂျာရစ်အတွက် ပြုလုပ်ပေးခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးတွေကို ပရိသတ်တွေ သာဓုခေါ်နိုင်အောင် ပုံလေးတွေကို တင်ပေးထားခဲ့တာဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဂျာရစ်ကို ကောင်းရာသုကတိလားအောင် ဆုတောင်းမေတ္တာပို့သပေးပါဦး။
Photo Credit - Nay Htoo Naing fb account
Source - Nay Htoo Naing fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။